ဆေးပညာရှင်တွေရဲ့ လေ့လာမှုတွေအရ လူအများက အကျင့်ဆိုးတွေလို့ သတ်မှတ်ထားကြတဲ့ တချို့သော အလေ့အကျင့်တွေဟာ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လို အကျင့်ဆိုးတွေက ကျန်းမာရေးကို ကောင်းမွန်စေနိုင်တာလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) နှိုးစက်ပိတ်ပြီး ပြန်အိပ်ခြင်း
နှိုးစက်ပိတ်ပြီး ပြန်အိပ်တာဟာ သင့်မနက်ခင်းကို အနည်းငယ် အလောသုံးဆယ် ဖြစ်သွားစေနိုင်ပေမယ့် နှိုးစက် ထပိတ်တဲ့ အကျင့်ဟာ မှတ်ဉာဏ်အားကို ပိုမိုကောင်းမွန်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
(၂) ရေမချိုးဘဲနေခြင်း
နေ့စဉ် ရေချိုးခြင်းဟာ ခန္ဓာကိုယ် အရေပြားပေါ်က သဘာဝ အဆီဓာတ်တွေကို ခမ်းခြောက်စေနိုင်ပြီး ခန္ဓာကိုယ်ကို ကောင်းကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်း ဖယ်ရှားလိုက်သလို ဖြစ်တာကြောင့် တခါတရံ ရေမချိုးဘဲနေခြင်းဟာ အရေပြား ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) နေပူထဲထွက်ခြင်း
နေပူပူထဲကို အဆောင်းအကာ မပါဘဲ သွားလာခြင်းဟာ အသားအရေတွေကို ပျက်စီးစေနိုင်တယ်ဆိုပေမယ့် အလုံးစုံတော့ မမှန်ကန်ပါဘူး။ နေရောင်ခြည်ဟာ ဗီတာမင်ဒီ ချို့တဲ့ခြင်းကို ကာကွယ်ပေးနိုင်ပြီး တုပ်ကွေးဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။
(၄) မနက်စာ မစားဘဲနေခြင်း
မနက်စာ မစားဘဲ နေတဲ့အကျင့်ဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ဝိတ်ချနေသူတွေအတွက်တော့ မစားလည်း ကိစ္စမရှိပါဘူး။ တကယ်လို့ သင်ဟာ မနက်စာမစားဘဲ နေနေကျလူဆိုရင်လည်း ဒါဟာ ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။
(၅) နေ့လယ်ခင်း တရေးတမောအိပ်ခြင်း
နေ့လယ်ခင်း တရေးတမော အိပ်တတ်တဲ့သူတွေကို အပျင်းထူသူတွေလို့ ပြောလို့မရပါဘူး။ နေ့လယ်ခင်းမှာ အိပ်စက်ခြင်းဟာ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မြင့်တက်စေပြီး အာရုံစူးစိုက်မှု အားကောင်းစေတယ်လို့ ဆေးပညာရှင်တွေက ပြောဆိုထားပါတယ်။
You may also like these stories:
မကောင်းတဲ့ အကျင့်လို့ သတ်မှတ်ထားပေမယ့် ကျန်းမာရေးအတွက် ကောင်းတဲ့အကျင့်များ
အကျင့်ဆိုးတွေရဲ့ နောက်ကွယ်က ကျန်းမာရေး ပြဿနာများ
သင့်ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ
ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ ပါဝင်လာတဲ့ အထီးကျန်ခြင်း ဝေဒနာ
သွားနဲ့ခံတွင်း ကျန်းမာရေး ပြဿနာတွေကို လျော့ပါးစေတဲ့ နည်းလမ်းများ
ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ကြောင်း ခန္ဓာကိုယ်က ပြသနေတဲ့ လက္ခဏာများ