လုပ်ငန်းခွင်တိုင်းကတော့ အမြဲလိုလို အဆင်ပြေ ချောမွေ့နေတာမျိုး မဟုတ်ပါဘူး။ စိတ်ဖိစီးစရာတွေ၊ ဒေါသထွက်စရာတွေနဲ့ အဆင်မပြေမှုတွေ ကြုံတွေ့ရတဲ့အခါ လုပ်ငန်းခွင်ဟာ Stress Zone ကြီးတခုလို ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ နေ့စဉ်ကြုံတွေ့နေရတဲ့ လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုတွေကို ဘယ်လိုမျိုး ကျော်ဖြတ်မလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) အိပ်ရေးဝဝ အိပ်စက်ပါ
နေ့စဉ် လုပ်ငန်းဆောင်တာတွေကို စိတ်ဖိစီးမှု ကင်းကင်းနဲ့ ပြုလုပ်နိုင်ဖို့ အိပ်ရေးဝဝ အိပ်စက်ပေးဖို့က အရေးကြီးတဲ့ အချက် တချက်ပါ။ အိပ်ရေး မဝတဲ့အခါ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတွေကို ၂ ဆ ပိုမိုခံစားရနိုင်ပြီး ဆုံးဖြတ်ချက် မှားယွင်းတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။
(၂) အာဟာရ ပြည့်ဝတဲ့ အစားအစာတွေ စားသုံးပါ
အသင့်စား အစားအစာတွေ စားသုံးတာမျိုးထက် အာဟာရ ပြည့်ဝတဲ့ အစားအစာတွေ စားသုံးပေးခြင်းဟာ တနေ့တာအတွက် ခွန်အား ပြည့်ဝစေသလို ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။
(၃) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
တနေ့တာရဲ့ စိတ်ဖိစီးမှုတွေကို ကျော်ဖြတ်နိုင်ဖို့ လေ့ကျင့်ခန်း အချိန်ပေးပြီး မလုပ်နိုင်ရင်တောင်မှ အလွယ်တကူ ပြုလုပ်နိုင်တဲ့ လမ်းလျှောက် လေ့ကျင့်ခန်းမျိုးကိုတော့ ပြုလုပ်ပေးသင့်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ စိတ်ဖိစီးမှုတွေနဲ့ ပြင်းပြင်းထန်ထန် ကြုံတွေ့ရတဲ့အခါမျိုးမှာ လမ်းထလျှောက်လိုက်ခြင်းကလည်း ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။
(၄) သီချင်းနားထောင်ပါ
ငြိမ့်ညောင်း သာယာတဲ့ တေးဂီတ သံစဉ်တွေဟာ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်တာကြောင့် စိတ်ကုထုံးတွေမှာ အသုံးပြုလေ့ ရှိကြပါတယ်။ စိတ်ရှုပ်ထွေးစရာတွေ ကြုံတဲ့အခါ ခဏအနားယူပြီး သီချင်းနားထောင်လိုက်ခြင်းကလည်း စိတ်ဖိစီးမှုတွေကို ပြေလျော့စေမှာပါ။
Ref. www.thespacecentre.com
You May Also Like These Stories:
သင့်ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ
လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ခံရတဲ့အခါ ဘယ်လို ရင်ဆိုင်သင့်သလဲ