ဆေးပညာရှင်တွေရဲ့ လေ့လာမှုအရဆိုရင် ခေါင်းကိုက်ခြင်း အမျိုးအစားပေါင်း ၁၅၀ ကျော်ခန့်ရှိတယ်လို့ သိရပြီး ခေါင်းကိုက်ခြင်းဟာ လူဖြစ်များတဲ့ ရောဂါဝေဒနာတခုလို့လည်း သိရပါတယ်။
အခုခေတ်မှာတော့ ခေါင်းကိုက်တဲ့အခါ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အကိုက်အခဲပျောက်ဆေးအမျိုးမျိုးကို ဝယ်ယူသောက်သုံးကြပြီး အကိုက်အခဲပျောက်ဆေးတွေ မကြာခဏသောက်သုံးခြင်းဟာ အစာအိမ်နဲ့ ဦးနှောက်ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကတော့ ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါ ရိုးရာတိုင်းရင်းဆေးတွေနဲ့ နှိပ်နယ်ခြင်း နည်းလမ်းကို အဓိကထား ကုသအသုံးပြုကြပြီး ဒါဟာ ဘေးထွက်ဆိုးကျိုးနည်းပါးတဲ့ ကုသနည်းတမျိုးလို့ လက်ရှိအချိန်ထိ လက်ခံထားကြတာပါ။ ဒါကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရတဲ့အခါ အမြန်ဆုံးသက်သာ ပျောက်ကင်းစေနိုင်ဖို့အတွက် နှိပ်နယ်ပေးသင့်တဲ့ နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လက်မနဲ့ လက်ညှိုးကြား
ခေါင်းတခြမ်းကိုက်တာနဲ့ ခေါင်းအုံ၊ခေါင်းခဲဖြစ်တဲ့အခါ လက်မနဲ့လက်ညှိုးကြားကနေရာကို မိနစ်အနည်းငယ်ကြာ ဖိထားပေးရမှာ ဖြစ်ပါတယ်။ ဒီလိုဖိထားတဲ့နေရာမှာ အရမ်းအားစိုက်စရာမလိုဘဲ ခပ်ဖျော့ဖျော့လေးဖိထားပြီး စက်ဝိုင်းပုံသဏ္ဍာန် လှည့်ကာ အသာအယာ နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။။
(၂) နှာတံထိပ် မျက်ခုံးမွှေးအလယ်ကြား
ကွန်ပျူတာ၊ ဖုန်းအကြည့်များတဲ့အခါ ဖြစ်လေ့ရှိတဲ့ မျက်လုံးညောင်းညာပြီး ခေါင်းကိုက်ခဲလာတဲ့အခါ နှာတံထိပ် မျက်ခုံးမွှေးနှစ်ခုအလယ်ကြားကို လက်ညှိုးနဲ့ ခပ်ကြာကြာဖိပြီး နှိပ်နယ်ပေးနိုင်ပါတယ်။
(၃) ဦးခေါင်းနောက်ဘက် အချိုင့်နေရာ
ဇက်ကြောတက်ပြီး ခေါင်းကိုက်တဲ့အခါ ဦးခေါင်းနောက်ဘက်မှာရှိတဲ့ အချိုင့်နေရာကို လက်နှစ်ဖက်အသုံးပြုပြီး ခပ်ကြာကြာဖိပြီး နှိပ်နယ်ပေးနိုင်ပါတယ်။
Ref. www.shenn-nong.com
You may also like these stories:
ဆရာဝန်ညွှန်ကြားချက် မပါဘဲ အကိုက်အခဲ ပျောက်ဆေးတွေ သောက်တဲ့ ထိုင်းအမျိုးသမီး ကွယ်လွန်
ကျန်းမာရေး ပြဿနာအချို့ကို ဖြေရှင်းနိုင်တဲ့ ထူးထူးဆန်းဆန်း နည်းလမ်းများ
စိုစွတ်နေတဲ့ ဆံပင်နဲ့ အိပ်စက်တဲ့အခါ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ
စိတ်ဖိစီးမှု များပြီး စိတ်မပျော်ရွှင်ဘူးဆိုတာ ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့ လက္ခဏာများ