ငယ်ငယ်တုန်းက ကျောက်သင်ပုန်းဖျက်တဲ့အခါ အသုံးပြုခဲ့ကြတဲ့ ကျောက်သင်ပုန်းပင်လေးတွေဟာ အရိပ်အာဝါသကောင်းတဲ့ ဘယ်နေရာမှာမဆို အလေ့ကျပေါက်လေ့ရှိပါတယ်။ မိုးများတဲ့ အာရှနိုင်ငံအများစုမှာ ပေါက်ရောက်လေ့ရှိပြီး ထိုင်း၊ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာတော့ ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးကြသလို အသုပ်အနေနဲ့လည်း စားသုံးကြပါတယ်။
အခုဖော်ပြပေးမှာကတော့ ကျောက်သင်ပုန်းပင်လေးတွေရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပေးနိုင်တဲ့ ထူးခြားတဲ့အာနိသင်တွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို သက်သာစေတယ်
ကျောက်သင်ပုန်းပင်လေးတွေကို အာရှနိုင်ငံအများစုမှာ ရှေးယခင်တည်းက ချောင်းဆိုးတာအပါအဝင် အသက်ရှု လမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ပန်းနာရင်ကျပ်ရောဂါတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ချောင်းဆိုးတဲ့အခါ သဘာဝဆေးဝါးတလက်အနေနဲ့ အသုံးပြုခဲ့ကြတာပါ။
(၂) အဆစ်ရောင်ရောဂါတွေကို ကုသပေးနိုင်တယ်
ကျောက်သင်ပုန်းရွက်လေးတွေကို ကျိုချက်ပြီး သဘာဝလက်ဖက်ရည်ကြမ်း အနေနဲ့ သောက်သုံးပေးခြင်းဟာ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါတွေနဲ့ ဒူးနာ၊ခါးနာတွေကို သက်သာစေနိုင်ပါတယ်။
(၃) ဆီးကျန်းမာရေးပြဿနာတွေကို သက်သာစေနိုင်တယ်
ကျောက်သင်ပုန်းပင်တွေကို ကျိုချက်သောက်သုံးပေးခြင်းဟာ ဆီးကျင်တာ၊ ဆီးအောင့်တာနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာစတဲ့ ဆီးကျန်းမာရေးပြဿနာအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်း ယူရစ်အက်ဆစ်ဓာတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် ယူရစ်အက်ဆစ်ကျချင်သူတွေအတွက် သင့်တော်ပါတယ်။
(၄) အရေပြား ကျန်းမာရေးပြဿနာတွေကို ပျောက်ကင်းစေနိုင်တယ်
ကျောက်သင်ပုန်းရွက်လေးတွေဟာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်း ရှိတာကြောင့် အရေပြားကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ မွေးကျွတ်နာ၊ ကြွက်နို့၊ဝက်ခြံ နဲ့ အရေပြားဓာတ်မတည့်ဖြစ်ကာ ယားယံတာ စတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
Ref. drhealthbenifits.com
You may also like these stories:
တနေ့ကို ဘီယာ တခွက်သောက်ပြီး အသက်ရှည်ခြင်း လျှို့ဝှက်ချက်ကို ပြောပြတဲ့ အဘွားအို
ပန်းသီးရှာလကာရည်ကို အသုံးပြုပြီး ခြေထောက်စိမ်ခြင်းကနေ ရရှိမယ့် ကောင်းကျိုးများ
ကျန်းမာရေးအတွက် ကန်စွန်းရိုးနီရဲ့ အကျိုးပြုပုံများ
အသားအရေ အလှအပအတွက် နဂါးမောက်သီးရဲ့ အကျိုးပြုပုံများ
အအေးမိ၊ တုပ်ကွေး ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ ကြက်သွန်ဖြူ
ဘီယာသောက်ခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ