မျက်လုံးဟာ ခန္ဓာကိုယ်တခုလုံးရဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲက တခုဖြစ်တာကြောင့် ပုံမှန်ဂရုစိုက်ပေးသင့်ပါတယ်။ အခုဖော်ပြပေးမှာကတော့ မျက်စိဆရာဝန်တွေ ညွှန်ကြားထားတဲ့ မျက်လုံးကျန်းမာရေးအတွက် ပြုလုပ်ပေးသင့်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
(၁) အစိမ်းရောင် အသီးအရွက်တွေ များများစားပါ
ဗီတာမင်စီ၊ အေ၊ Fatty Acid ၊ Antioxidant နဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေ ကြွယ်ဝတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေဟာ အမြင်အာရုံ မှုန်ဝါးခြင်းကို ကာကွယ်ပေးပြီး မျက်စိကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။
(၂) မျက်စိအနားပေးပါ
ကွန်ပျူတာ၊ ဖုန်း စတာတွေကို အသုံးပြုပြီး တနေ့တာ အလုပ်လုပ်ကိုင်နေရသူတွေအနေနဲ့ အချိန်ကြာလာတာနဲ့အမျှ မျက်သား ခမ်းခြောက်တာ၊ မျက်ရိုးကိုက်တာ၊ ခေါင်းကိုက်ပြီး ဇက်ကြောတက်တာ စတာတွေကို ခံစားရနိုင်ပါတယ်။ ဒီဝေဒနာတွေကို ကာကွယ်သက်သာစေနိုင်ဖို့ မျက်စိဆရာဝန်တွေက (၂၀/၂၀/၂၀) နည်းလမ်းကို အသုံးပြုပြီး အလုပ်လုပ်ချိန် မိနစ် ၂၀ ပြီးတဲ့အခါ စက္ကန့် ၂၀ နားပြီး ပေ ၂၀ အကွာကို ကြည့်ပေးပါလို့ ဆိုပါတယ်။
(၃) နေပူထဲသွားတဲ့အခါ နေကာမျက်မှန် တပ်ပါ
ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားကို ထိခိုက်စေနိုင်ရုံသာမက မျက်စိအမြင်အာရုံကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာကြောင့် နေပူထဲသွားတဲ့အခါတိုင်း နေကာမျက်မှန် ဆောင်သွားသင့်ပါတယ်။
(၄) အိပ်ရေးဝဝ အိပ်စက်ပါ
တနေ့တာလုံး အသုံးပြုနေရတဲ့ မျက်လုံးတွေကို အိပ်စက်ချိန် အလုံအလောက် အိပ်စက်ပေးခြင်းအားဖြင့် အနားပေးသင့်ပါတယ်။ အိပ်စက်ချိန် မလုံလောက်ခြင်းဟာ အရွယ်မတိုင်ခင် အမြင်အာရုံ ပျက်စီးခြင်းနဲ့ မျက်လုံးနီမြန်း ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၅) ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ
လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ် မသောက်သုံးသူတွေထက် အမြင်အာရုံကွယ်ဖို့ ရာခိုင်နှုန်း ၄ ဆကျော်ခန့် ပိုများတယ်လို့ သိရပါတယ်။
Ref. www.redbookmag.com
You may also like these stories:
ကျန်းမာရေးအတွက် အကောင်းဆုံး ဟင်းသီးဟင်းရွက် (၁၀) မျိုး
နေ့စဉ် အသင့်စား အစာအစားတွေ စားခဲ့လို့ မျက်စိကွယ်ခဲ့ရတဲ့ ဆယ်ကျော်သက်တဦး
အမြင်အာရုံ ကြည်လင်စေပြီး မျက်စိညောင်းညာမှုကို ပြေပျောက်စေမယ့် မျက်လုံး လေ့ကျင့်ခန်းများ