Health

မိခင်ဆီကနေ သမီးတွေကို မျိုးရိုးလိုက်နိုင်တဲ့ ရောဂါများ

ရောဂါအများစုဟာတော့ မိမိရဲ့နေထိုင်စားသောက်မှုပုံစံပေါ် မူတည်ပြီး ဖြစ်ပွားနိုင်တာဖြစ်ပေမယ့် တချို့သော ရောဂါတွေကတော့ မျိုးရိုးဗီဇကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။

မိမိရဲ့ မိခင်ဖြစ်သူဆီမှာ ဒီရောဂါအမျိုးအစားတွေ ဖြစ်ပေါ်ခဲ့ရင် မိမိမှာလည်း ဖြစ်လိမ့်မယ်လို့ တထစ်ချ သတ်မှတ်နိုင်တာမျိုးမဟုတ်ပေမယ့် ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ဖြစ်နိုင်ခြေများတာကြောင့် ကြိုတင်ဂရုစိုက်မိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) နှလုံးသွေးကြောဆိုင်ရာ ရောဂါများ

နှလုံးသွေးကြောဆိုင်ရာ ရောဂါဟာ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတမျိုးဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာ၊ သွေးတိုးတာနဲ့ Heart Attack ဖြစ်တာတွေ အထိ ဖြစ်စေနိုင်တာကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာ၊ အငန်နဲ့အဆီဓာတ်များတာတွေ လျှော့စားတာမျိုးတွေကို ပြုလုပ်ပြီး ကာကွယ်သင့်ပါတယ်။

(၂) အရိုးပွရောဂါ

အမျိုးသမီးတွေဟာ အသက်ကြီးလာတာနဲ့အမျှ အရိုးပွရောဂါ ဖြစ်ပွားကြလေ့ရှိပြီး အရိုးပွရောဂါဆိုတာကတော့ အရိုးအားနည်းပြီး အရိုးကျိုးလွယ်တာမျိုးကို ဆိုလိုတာပါ။ တကယ်လို့ သင့်မိခင်ဟာ အရိုးပွရောဂါ ခံစားနေရသူ တဦးဆိုရင်တော့ မျိုးရိုးလိုက်နိုင်ခြေရှိတာကြောင့် ကယ်လ်ဆီယမ်ဓာတ်ပါတာမျိုးတွေ များများစားတာ၊ လေ့ကျင့်ခန်း လုပ်တာမျိုးတွေကို ပြုလုပ်ပေးသင့်ပါတယ်။

(၃) အဝလွန်ခြင်း

အဝလွန်တာဟာလည်း မျိုးရိုးလိုက်တတ်တာကြောင့် နေ့စဉ်စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်ပြီး ကာကွယ်သင့်ပါတယ်။

(၄) စိတ်ကျရောဂါ

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲတာ၊ စိတ်အတက်အကျမြန်တာ စတာတွေဟာ မျိုးရိုးလိုက်စေနိုင်ပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုပြီး မျိုးရိုးလိုက်နိုင်ခြေ ရှိတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

Ref. www.livescience.com

You may also like these stories:

၂၄ နာရီအတွင်း သေဆုံးနိုင်တဲ့ ရောဂါများ

“ကျန်းမာရေး ဂရုစိုက်သင့်ပြီ”လို့ ခန္ဓာကိုယ်က သတိပေးနေတဲ့ အချက် ၄ ချက်

Loading