လေ့လာသူတွေရဲ့ စစ်တမ်းကောက်ယူချက်တွေအရ လူအများစုဟာ လုပ်ငန်းခွင်ဝင်ပြီးတဲ့အချိန်မှာ အရင်ကထက်ပိုပြီး ကိုယ်အလေးချိန်မြင့်တက်လာလေ့ ရှိတယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်ဝင်ကာစ အချိန်ထက် လက်ရှိမှာ ဘာကြောင့် ကိုယ်အလေးချိန်မြင့်တက်နေရတာလဲ ဆိုတာကတော့ အခုဖော်ပြပေးမယ့် အကြောင်းရင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။
(၁) စိတ်ဖိစီးမှုများခြင်း
လုပ်ငန်းခွင်မှာရတဲ့ စိတ်ဖိစီးမှုနဲ့ အလုပ်ဖိအားတွေဟာ ကိုယ်အလေးချိန်မြင့်တက်စေတဲ့ အဓိက အကြောင်းရင်း တွေထဲက တခုဖြစ်ပြီး လေ့လာမှုစစ်တမ်းတွေအရဆိုရင် လုပ်ငန်းခွင်တွင်းမှာ လုပ်ကိုင်နေသူတွေရဲ့ ၇၇ ရာခိုင်နှုန်း ခန့်ဟာ နေ့စဉ်အလုပ်ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေကို ခံစားနေရတယ်လို့ ဆိုပါတယ်။
(၂) အစားစားချိန် မမှန်ခြင်း
လုပ်ငန်းခွင်တွင်းက လူအများစုဟာ ပုံမှန်အားဖြင့် အစားစားချိန် မမှန်တတ်ကြပါဘူး။ မိမိလုပ်ကိုင်နေရတဲ့ အလုပ်အမျိုးအစားပေါ်မူတည်ပြီး အစားစားချိန်မမှန်ဘဲ ဖြစ်သလို စားလိုက်ခြင်းကလည်း ဝိတ်တက်လာစေတဲ့ အကြောင်းရင်းတွေထဲက တခုပဲ ဖြစ်ပါတယ်။
(၃) သရေစာတွေ မကြာခဏစားမိခြင်း
တနေ့တာလုပ်ငန်းခွင်မှာ ဗိုက်ဆာဆာ၊ မဆာဆာ သရေစာ Snack တွေ ဝယ်ထားပြီး မကြာခဏဆိုသလို စားမိနေခြင်းကလည်း ကိုယ်အလေးချိန်တက်စေနိုင်တဲ့ အချက်တခုပါ။
(၄) ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း
လုပ်ငန်းခွင်တွင်းက လူအများစုဟာ တနေကုန် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်ရတာကြောင့် ဝမ်းဗိုက်နဲ့ ခါးတဝိုက်မှာ အဆီစုမိပြီး ဝိတ်တက်လာတတ်ကြပါတယ်။
(၅) လူမှုရေးအရ စားသောက်ဆိုင်တွေ လိုက်ထိုင်ခြင်း
တခါတရံမှာ သင်က ပုံမှန်စားသောက်ပြီးပေမယ့် လုပ်ငန်းခွင်က မိတ်ဆွေအပေါင်းအသင်းတွေကြောင့် လူမှုရေးအရ စားသောက်ဆိုင်တွေ မကြာခဏဆိုသလို လိုက်ထိုင်ပေးခြင်းကလည်း အစားကိုပိုစားမိစေပြီး ဝိတ်တက်လာစေနိုင် တာပဲ ဖြစ်ပါတယ်။
You may also like these stories:
သင့်ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ
အဝလွန်နေတဲ့ ရဲတွေကို ဝိတ်ချဖို့ ဖိအားပေးပြီး ဝိတ်ချပေးနေတဲ့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့
အစားလျှော့စားပေမယ့် ကိုယ်အလေးချိန် မြင့်တက်လာရခြင်း အကြောင်းရင်းများ
ကိုယ်အလေးချိန်ကို လျော့ကျစေမယ့် ဂျပန်လူမျိုးတွေရဲ့ ငှက်ပျောသီးစားပြီး ဝိတ်ချနည်း