သွေးတိုးရောဂါရှိနေပြီလို့ သိလိုက်တာနဲ့ လူအများစုဟာ သွေးကျဆေးသောက်ဖို့ကိုပဲ အာရုံရှိကြပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု ပုံစံတခုကို ပြောင်းနိုင်ရင် သွေးတိုးရောဂါကို ဆေးဝါးမသုံးစွဲဘဲဖြစ်စေ၊ ဆေးဝါးအကူအညီ အနည်းငယ် ယူရုံလောက်နဲ့ ထိန်းသိမ်းနိုင်ပါတယ်။
အခုဖော်ပြပေးမှာကတော့ သွေးတိုးရောဂါ ရှိသူတိုင်း သိထားသင့်တဲ့ သွေးတိုးခြင်းကို ထိန်းသိမ်းပေးနိုင်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
(၁) အစိမ်းရောင် အသီးအရွက်များ
အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေဟာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတာကြောင့် သွေးတွင်းဆိုဒီယမ်ဓာတ်များခြင်းကို ထိန်းချုပ်ပေးနိုင်ပြီး သွေးတိုးခြင်းနဲ့ ရုတ်တရက် သွေးပေါင်အလွန်အမင်းတက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) ဒိန်ချဉ်
အမေရိကန်ဆေးပညာရှင်တွေရဲ့ လေ့လာမှုတွေအရ တပတ်ကို သကြားမပါတဲ့ ဒိန်ချဉ် သုံးခွက်ကနေ ငါးခွက်လောက်အထိ ပုံမှန်စားပေးခြင်းဟာ သွေးတိုးခြင်းကို ၃၀ ရာခိုင်နှုန်းလောက်ထိ ထိန်းချုပ်ပေးနိုင်တယ်လို့ သိရပြီး နှလုံးရောဂါဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) ငှက်ပျောသီး
ငှက်ပျောသီးဟာဆိုရင်လည်း ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတမျိုးဖြစ်တာကြောင့် သွေးတိုးခြင်းကို ထိန်းချုပ်ကာကွယ်ပေးနိုင်ပါတယ်။
(၄) ငါး
ငါးမှာပါဝင်တဲ့ Omega3 Fatty Acid နဲ့ ပရိုတင်းဓာတ်တွေဟာ သွေးပေါင်တက်ခြင်းကို လျော့ကျစေနိုင်ပြီး သွေးတိုးရောဂါနဲ့ ဆက်စပ်နေတဲ့ တခြားသော ရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။
(၅) ကြက်သွန်ဖြူ
နေ့စဉ် စားသောက်မှုပုံစံမှာ ကြက်သွန်ဖြူကို ဟင်းလျာတွေထဲ ထည့်ချက်ခြင်းထက် အစိမ်းလိုက်စားပေးခြင်းက သွေးတိုးခြင်းကို ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Ref. www.healthline.com
You may also like these stories:
အလွန်အကျွံစားသုံးရင် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အစားအစာများ
ရွှေဖရုံသီးစေ့စားခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများ
အဆီဓာတ်ပါဝင်မှုများပေမယ့် ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတဲ့ အစားအစာများ
ခရီးသွားတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ