လက်ဆေးခြင်းဟာ မျက်စိနဲ့မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို ဖယ်ရှားသန့်စင်ပေးနိုင်တာကြောင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် လက်ဆေးတာဟာ အရေးကြီးတဲ့အချက်တခုပါ။ လက်ကို ပုံမှန်အားဖြင့် ဆေးကြောခြင်းအပြင် အခုဖော်ပြပေးမယ့် အရာတွေနဲ့ ထိတွေ့ကိုင်တွယ်ပြီးတဲ့အခါတိုင်း ချက်ချင်းဆိုသလို ဆေးကြောသင့်ပါတယ်။
(၁) ပိုက်ဆံ
နေ့စဉ်မဖြစ်မနေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ပိုက်ဆံတွေမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ရောဂါပိုးမွှားတွေ အများအပြား ကပ်ငြိနေတာကြောင့် ပိုက်ဆံရေတွက်ပြီးတဲ့အခါတွေနဲ့ ပိုက်ဆံကို ကိုင်တွယ် အသုံးပြုပြီးတဲ့အခါတိုင်း လက်ဆေးသင့်ပါတယ်။
(၂) စားသောက်ဆိုင် Menu စာအုပ်
ဆိုင်တဆိုင်ဝင်ထိုင်လိုက်တဲ့အခါ Menu စာအုပ်ကြည့်ပြီး အလွယ်တကူမှာယူကာ စားသုံးတတ်ကြပါတယ်။ လေ့လာမှုတွေအရ ဆိုရင်တော့ သန့်ရှင်းမှုကို အလေးထားတဲ့ စားသောက်ဆိုင်တွေရဲ့ Menu စာအုပ်တွေမှာတောင် ရောဂါပိုးမွှွားပေါင်း ၁၈ သိန်းကျော်ခန့်် ကပ်ငြိနေတာကြောင့် Menu စာအုပ်တွေ ကိုင်ပြီးတိုင်း လက်သန့်ဆေး ဒါမှမဟုတ် လက်ကို ရေနဲ့ ဆပ်ပြာအသုံးပြုပြီး ဆေးကြောတာမျိုး ပြုလုပ်သင့်ပါတယ်။
(၃) တံခါးလက်ကိုင်ဘုနဲ့ လက်ရန်းများ
သန့်စင်ခန်းတွေပြီးရင် ရောဂါပိုးမွှားတွေ အများဆုံး နောက်ထပ်အရာ တခုကတော့ တံခါးလက်ကိုင်ဘုတွေနဲ့ လက်ရန်းတွေ ၊ လက်ကိုင်တွေပဲ ဖြစ်ပါတယ်။ ဘတ်စ်ကားစီးတဲ့အခါ ကိုင်ရတဲ့လက်ကိုင်တွေနဲ့ အများသုံးတံခါးလက်ကိုင်ဘုတွေနဲ့ ထိတွေ့ကိုင်တွယ်ပြီးတဲ့အခါတိုင်း လက်ကိုသေချာစွာ ဆေးကြောသင့်ပါတယ်။
(၄) အိမ်မွေးတိရစ္ဆာန်တွေ
အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးလို့ လက်နဲ့ကိုင်တွယ်ပွတ်သပ်ပြီးတဲ့ အခါတိုင်း လက်ကို စင်ကြယ်စွာ ဆေးကြောသင့်ပါတယ်။ တိရစ္ဆာန်အများစုရဲ့ ခန္ဓာကိုယ်မှာ အမျိုးအစားစံုံလင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ ကပ်ငြိနေတာ ဖြစ်တဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေကို ကိုင်တွယ်ပြီးတဲ့အခါတိုင်း လက်ဆေးသင့်ပါတယ်။
Ref. www.msn.com
You may also like these stories:
လက်ကို သန့်ရှင်းစင်ကြယ်အောင် ဘယ်လို ဆေးကြောမလဲ
ငွေစက္ကူပေါ်က လူကို အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးများ
ကျန်းမာရေးကို ဆိုးရွားစေတဲ့ နေ့စဉ်ပြုလုပ်နေကျ အပြုအမူများ
အဝတ်လျှော်စက်ထဲမှာ ခိုအောင်းနေတတ်တဲ့ ရောဂါပိုးမွှား အန္တရာယ်