Health

ဝမ်းဗိုက်အောင့်ခြင်းကို သက်သာစေနိုင်မယ့် သဘာဝနည်းလမ်းများ

Want create site? Find Free WordPress Themes and plugins.

အစာစားချိန်နောက်ကျလို့ပဲဖြစ်ဖြစ်၊ အစာမကြေလို့ပဲဖြစ်ဖြစ် ဝမ်းဗိုက်မကြာခဏ အောင့်တတ်သူတွေအနေနဲ့ အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းကောင်းတွေက အသုံးတည့်စေမှာ ဖြစ်ပါတယ်။

(၁) ဂျင်း

ဂျင်းဟာ ကျန်းမာရေးအတွက်တော့ အသုံးဝင်လှတဲ့ သဘာဝပစ္စည်းတမျိုးပါ။ အစာမကြေလို့ ဗိုက်အောင့်တာမျိုး နဲ့ ဗိုက်အောင့်ပြီး ပျို့အန်ကာမအီမသာ ဖြစ်တာမျိုးတွေအတွက်တော့ ဂျင်းဟာ အကောင်းဆုံး ဆေးတလက် ဖြစ်ပါတယ်။ ဂျင်းကို ခပ်ပါးပါးလှီးပြီး ရေနွေးနဲ့ရောစပ်ကာ ဂျင်းလက်ဖက်ရည်အဖြစ် ပြုလုပ်သောက်သုံးခြင်းက ဗိုက်အောင့်ခြင်းကို သက်သာစေမှာပါ။

(၂) ပူစီနံ

အိန္ဒိယမှာတော့ ဝမ်းလျောဝမ်းပျက်ဖြစ်ကာ ဗိုက်အောင့်ခြင်းအစာမကြေခြင်းနဲ့အစာစားချိန်နောက်ကျလို့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်တဲ့အခါ ပူစီနံရွက်ကို ဆေးဝါးအဖြစ် ရှေးယခင်တည်းက တိုင်းရင်းဆေးတလက်အနေနဲ့ အသုံးပြုခဲ့ကြတာပါ။ ပူစီနံရွက်ကို ဝါးစားတာမျိုးနဲ့ ရေနွေးနဲ့ရောစပ် သောက်သုံးတာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။

(၃) ရေနွေး

ရေနွေးဟာဆိုရင်လည်း အစာအိမ်ကြောင့် ဝမ်းဗိုက်အောင့်ကာ နာကျင်တာမျိုးတွေအတွက် သက်သာစေနိုင်ပါတယ်။ ရေနွေးအိတ်ကပ်ပေးတာ၊ ရေနွေးနဲ့ရေချိုးပေးတာမျိုးနဲ့ ရေနွေးသောက်သုံးပေးခြင်းတို့ကို ဗိုက်အောင့်တဲ့အခါမျိုးတွေမှာ ပြုလုပ်ပေးနိုင်ပါတယ်။

(၄) ပင်စိမ်း

လေအောင့်တာမျိုးနဲ့ အစာမကြေတာမျိုးလို ဝေဒနာတွေအတွက် ပင်စိမ်းရွက်အနည်းငယ်ကို ထမင်းစားတဲ့အခါ အနည်းငယ်စားသုံးပေးနိုင်သလို ရေနွေးအနည်းငယ်နဲ့ရောစပ်ပြီး ပင်စိမ်းလက်ဖက်ရည်ကြမ်းအဖြစ် သောက်သုံးပေး နိုင်ပါတယ်။

(၅) အုန်းရည်

အုန်းရည်ဟာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းဗိုက်ကြွက်သားနာကျင်ခြင်းနဲ့ လေအောင့်ခြင်းတွေအတွက် သောက်သုံးပေးနိုင်ပါတယ်။

Ref. https://www.medicalnews.com

You may also like these stories:

ဂျင်းလက်ဖက်ရည် (Ginger Tea) သောက်သုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၅ ခု

အိမ်တွင်း အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ အကိုက်အခဲ ပျောက်စေမယ့် နည်းလမ်းများ 

ခြေစွယ်ငုပ်ခြင်းကို အလွယ်တကူ ဖြေရှင်းပေးနိုင်တဲ့ သဘာဝနည်းလမ်းများ

Did you find apk for android? You can find new Free Android Games and apps.
Loading