စူပါးမားကတ်တွေမှာ ပြင်ဆင်ရောင်းချနေတဲ့ အဆင်သင့်လှီးဖြတ်ထားတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေဆိုတာ လွယ်လင့်တကူ အဆင်ပြေတယ်ဆိုပေမယ့် တကယ်ရော ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား။ အိမ်ရှင်မတွေအတွက်တော့ အချိန်ကုန်သက်သာတာကို ရွေးချယ်တာထက် ချက်ပြုတ်ပြင်ဆင်တဲ့အရာတွေက မိသားစုကျန်းမာရေးအတွက် သင့်တော်ဖို့ လိုအပ်ပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ကြီးက ထုတ်ပြန်ချက်အရ အသင့်လှီးဖြတ်ထားတဲ့ အသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေ တွေ့ရတယ်လို့ ထုတ်ပြန်ကြေညာ ထားပါတယ်။
၂၀၀၈ ခုနှစ်က အသင့်စိပ်ပြီးသား သခွားမွှေးတွေမှာ Salmonella လို့ခေါ်တဲ့ အူလမ်းကြောင်းမှာတွေ့ရတဲ့ ရောဂါပိုးကြောင့် စားသုံးသူတွေမှာ အစာအဆိပ်သင့်ခြင်း၊ ဖျားခြင်း၊ ဗိုက်ရစ်ပြီးနာခြင်း၊ ဝမ်းပျက်ခြင်းနဲ့ အူရောင် ငန်းဖျားရောဂါတွေ ကူးစက်ခံစားခဲ့ရပါတယ်။
အစားအသောက်သိပ္ပံဌာနက ပါမောက္ခ Keith က “စူပါမားကတ်တွေမှာ ရောင်းနေတဲ့ လှီးဖြတ်ပြီးသား အသီးနှံ တွေ၊ အသီးရွက်တွေက အလွယ်တကူ ဘတ်တီးရီးယားပိုးတွေ ဝင်နိုင်ပါတယ်။ အရေပြားပေါ် ခြစ်ရာရှိနေသ လိုပေါ့။ ဒီခြစ်ရာကနေ ရောဂါပိုးဝင်ဖို့ ပိုများတယ်လေ” လို့ ဆိုပါတယ်။
ဒါကြောင့် ပုံမှန် အသီးအရွက်တွေထက် လှီးဖြတ်ထားတဲ့ အသီးအရွက်တွေက ဘတ်တီးရီးယားပိုးတွေ ခိုး အောင်းဖို့ ပိုလွယ်ပါတယ်။ ဒါ့ပြင် လှီးဖြတ်ထားတဲ့ အသီးနှံ၊ အသီးအရွက်တွေ ညိုမဲမသွားအောင် ကယ်လ်စီယမ် ကာဗွန်နိတ်နဲ့ စိမ်ပြီး ကာလာအရောင်တွေ ထပ်ထည့်ထားတာကြောင့် သဘာဝအတိုင်း မဟုတ်တော့ပါဘူး။
အသင့်လှီးဖြတ်ရောင်းချတဲ့ မုန်လာဥနီတွေဆိုရင် သဘာဝအတိုင်းတာရှည်ခံနေအောင် ကလိုရင်းပါတဲ့ Antimicrobial Water Solution သုံးထားတာကြောင့် ပုံမှန်ထက် အာဟာရဓာတ်တွေ ဆုံးရှုံးမှုပိုလွယ်ပါတယ်။ ရေပြန်ဆေးလိုက်တာနဲ့ ဗီတာမင် ဘီ နဲ့ စီတွေဟာ ရေထဲအလွယ်တကူ ပျော်ဝင်သွားပါတယ်။
ဒါကြောင့် အိမ်ရှင်မတွေကလည်း အလွယ်တကူအဆင်ပြေတယ်ဆိုပြီး အသင့်လှီးဖြတ်ထားတဲ့ အသီးနှံတွေနဲ့ အသီးအရွက်တွေကို မဝယ်ဘဲ စိတ်ချရတဲ့ လတ်ဆတ်သန့်ရှင်းတဲ့ အစားအစာတွေကို ရွေးချယ်ဝယ်ယူပြီး ကိုယ်တိုင်လှီးဖြတ်ပြင်ဆင်ချက်ပြုတ်ကာ မိသားစုကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ကြပါစေ။
Ref: Emma Deangela
You may also like these stories:
ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်ပြီး ကြာရှည်ခံအောင် ဘယ်လို သိမ်းဆည်းမလဲ
နေ့စဉ် အသင့်စား အစာအစားတွေ စားခဲ့လို့ မျက်စိကွယ်ခဲ့ရတဲ့ ဆယ်ကျော်သက်တဦး
နို့နဲ့ နို့ထွက်ပစ္စည်းတွေလိုမျိုး ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ
တုပ်ကွေးဖျားနာခြင်းကို ကာကွယ်ဖို့ သွေးအမျိုးအစားအလိုက် စားပေးသင့်တဲ့ အစားအစာများ