လူတိုင်းကတော့ နေမကောင်း ဖြစ်ဖူးကြတဲ့သူတွေ ချည်းပါပဲ။ ရာသီ အကူးအပြောင်း ကာလတွေမှာဆိုရင် သာမန်ထက်ပိုပြီး နေမကောင်းဖြစ်လေ့ ရှိကြပြီး ဒီလို နေမကောင်းဖြစ်တဲ့အခါ ပြုလုပ်မိတတ်တဲ့ အမှားတချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ အလွန်အကျွံသောက်တာ
နေမကောင်းဖြစ်တာ မြန်မြန်ပျောက်ချင်စိတ်နဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေအလွန်အကျွံသောက်တာဟာ ရေရှည်မှာ ဆေးယဉ်ပါးမှုကို ဖြစ်စေနိုင်ပါတယ်။ ဆရာဝန်ညွှွန်ကြားတဲ့ ဆေးဝါးတွေကို သောက်ရမယ့် အချိန်အတိုင်း သောက်ခြင်းကသာ နေမကောင်းဖြစ်နေတာကို သက်သာစေနိုင်မှာပါ။
(၂) စောင်အထူကြီးတွေခြုံ၊ အနွေးထည် အထူကြီးတွေ ဝတ်တာ
နေမကောင်းဖြစ်နေချိန်ဟာ ရာသီဥတု အေးနေတယ်ဆိုရင်တော့ ဒီလိုမျိုး စောင်ခြုံတာ၊ အနွေးထည်အထူကြီးတွေ ဝတ်တာက ကိစ္စမရှိပေမယ့် ရာသီဥတုကလည်း အေးမနေဘူး၊ သိပ်လည်း မချမ်းဘူးဆိုရင်တော့ သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားမျိုးကိုသာ ဝတ်ဆင်ထားသင့်ပါတယ်။ မချမ်းဘဲနဲ့ ချွေးထွက်အောင် ဆိုပြီး အနွေးထည် အထူကြီးတွေ ဝတ်ခြင်းဟာ ရှိပြီးသား ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေတာကြောင့် အန္တရာယ် ရှိနိုင်ပါတယ်။
(၃) အစားကောင်းကောင်း မစားတာ
နေမကောင်းဖြစ်နေချိန်မှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဟာ အားနည်းနေတဲ့ အတွက်ကြောင့် ကောင်းမွန်လုံလောက်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ သန့်ရှင်းပြီး အာဟာရဖြစ်စေမယ့် အစားအစာဆိုရင် ရှောင်မနေဘဲ ပုံမှန်အတိုင်း စားသုံးပေးသင့်ပါတယ်။
(၄) တကိုယ်ရည် သန့်ရှင်းရေး မလုပ်တာ
နေမကောင်းဖြစ်ပြီဆိုရင် အများစုဟာ ရေမကိုင်တော့တာ၊ ရေချိုးချင်လျက်နဲ့ မချိုးတော့တာ၊ တကိုယ်ရည်သန့်ရှင်းရေး မလုပ်တော့တာမျိုးကို ပြုလုပ်တတ်ကြပါတယ်။ ရေချိုးတာ၊ ကိုယ်လက်သန့်ရှင်းရေးလုပ်တာမျိုးက အဖျားကို ပိုမဆိုးစေနိုင်ပါဘူး၊ ရေချိုးချင်စိတ်ရှိတယ်ဆိုရင် ချိုးပြီး လန်းလန်းဆန်းဆန်း နေနိုင်ပါတယ်။
Ref. www.theactivetimes.com
You may also like these stories:
နမ်းရှုပ်ခြင်းရဲ့ လူသိနည်းတဲ့ ကောင်းကျိုးများ
ကလေးငယ်အများစုဟာ ပလတ်စတစ် အဆိပ်သင့်မှု ခံစားနေရကြောင်း လေ့လာတွေ့ရှိ
မေ့တတ်သူတွေဟာ သာမန်ထက်ပိုပြီး ဉာဏ်ကောင်းသူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိ
ဒီပစ္စည်းတွေကို ကိုင်တွယ်ပြီးတာနဲ့ လက်ကို ချက်ချင်းဆေးကြောပေးပါ