စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး သကြားဓာတ်များတဲ့ အချိုရည်ကြော်ငြာခွင့်ကို ပိတ်ပင်လိုက် တဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒါဟာ ဆီးချိုရောဂါတိုက်ဖျက်ရေးအတွက် ခြေလှမ်းတရပ်အဖြစ် စတင်လုပ် ဆောင်လိုက်တာပါ။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ အချိုရည်တွေကို ပုံနှိပ်ထုတ်ဝေရေး၊ ရုပ်သံလိုင်း၊ အွန်လိုင်း စတဲ့ ဘယ်မီဒီယာပေါ် မှာမှ မကြော်ငြာဖို့ ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ ပြည်သူတွေဆီကနေ စစ်တမ်းကောက်ယူပြီးမှ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းအသစ်အောက်မှာ Soft Drink ၊ အချိုရည်၊ ဒိန်ချဉ်နဲ့ အသင့်သောက်ကော်ဖီတွေ လည်း ပါဝင်ပါတယ်။ ဒီထုတ်ပြန်ချက်ရဲ့ အကျိုးသက်ရောက်မှုကို လေ့လာဖို့အတွက် နောက်ထပ်လအနည်း ငယ်အတွင်း စာသုံးသူတွေရဲ့ တုန့်ပြန်ချက်ကို ကြည့်ကာ နောက်နှစ်မှာ အသေးစိတ်ထုတ်ပြန်နိုင်ဖို့ ကြေညာသွား မယ်လို့ ဆိုပါတယ်။
သကြားဓာတ်များတဲ့ အရည်တွေကို ကြော်ငြာခွင့်ပိတ်ပင်လိုက်တဲ့အပြင် ဈေးကွက်ထဲရောင်းချတဲ့အခါမှာလည်း လူအများမြင်သာအောင် အရောင်နဲ့ ပါဝင်ပစ္စည်းအရည်အသွေး၊ အချိုဓာတ်ကို အသေးစိတ်ဖော်ပြပေးဖို့ ထုတ် ပြန်ထားပါတယ်။
အဆိုပါ တားမြစ်မှုဟာ လက်ရှိကမ္ဘာပေါ်က လူတွေကို ခြိမ်းခြောက်နေတဲ့ ဆီးချိုရောဂါ တိုက်ဖျက်နိုင်ဖို့ ပထမ အဆင့် လည်းဖြစ်ပါတယ်။ ရေရှည်အထိ လုပ်ဆောင်သွားနိုင်အောင်လည်း လေ့လာဆန်းစစ်မှုတွေ ဖော်ဆောင် သွားမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကလည်း တနေ့ကို သကြားဓာတ်များတဲ့ အချိုရည်နှစ်ဘူး သောက်လေ့ရှိသူ တွေဟာ တခြားသူတွေထက် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် သကြားဓာတ် များတဲ့ အချိုရည်တွေကို ပုံမှန်သောက်ရင် နှလုံးရောဂါနဲ့ အဝလွန်ရောဂါတွေကိုပါ ဖြစ်စေနိုင် ပါတယ်။ ၁၉၇၅ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် လက်ရှိအချိန်မှာ အဝလွန်ရောဂါခံစားနေရသူ ၃ ဆလောက် ပို မြင့် တက်လာတယ်လို့ ဆိုပါတယ်။
စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကလည်း အဆိုပါထုတ်ပြန်ချက်ကြောင့် မနှစ်ကထက်စာရင် ယခုနှစ်မှာ သကြားဓာတ် များတဲ့ အချိုရည်သောက်သုံးမှု လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းထားတဲ့အပြင် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း သူတို့ရဲ့ အချိုရည်ထုတ်လုပ်တဲ့ ဖော်မြူလာကို ပြန်လည်ပြင်ဆင်ကြဖို့ တိုက်တွန်းလိုက်ပါ တယ်။
ကိုကာကိုလာ ကုမ္ပဏီကလည်း အဆိုပါထုတ်ပြန်ချက်အသစ်ကို ကြိုဆိုလိုက်ပြီး နောက်ပိုင်း သကြားဓာတ်နည်း တဲ့ အမျိုးအစားနဲ့ လုံးဝမပါမယ့် အချိုရည်အသစ်တွေ ထုတ်လုပ်သွားဖို့ရှိပြီး “သကြားဓာတ်က လူတယောက် အတွက် လိုအပ်တယ်ဆိုပေမယ့် အရမ်းများလွန်းရင်တော့ ကျန်းမာရေးထိခိုက်စေတယ်” လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးမယ့် စူပါအစားအစာများ
အချိုရည်တွေထဲမှာပါတဲ့ သကြားဓာတ်ပေါ် မူတည်ပြီး အခွန်တိုးကောက်တော့မယ့် ထိုင်းနိုင်ငံ
နေ့စဉ် အသင့်စား အစာအစားတွေ စားခဲ့လို့ မျက်စိကွယ်ခဲ့ရတဲ့ ဆယ်ကျော်သက်တဦး