ငါးကြီးဆီဟာ လူ့ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် အကျိုးကျေးဇူးများစွာရှိပြီး တော်တော်များများ သောက်ဖူးကြတဲ့ ဆေးတမျိုးလို့တောင် ပြောလို့ရပါတယ်။ အခုဖော်ပြပေးမှာကတော့ ငါးကြီးဆီကို တနေ့တလုံး ပုံမှန်သောက်သုံးပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။
(၁) နှလုံးကျန်းမာရေးကို ကောင်းမွန်လာစေမယ်
ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 Fatty Acid ဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပြီး နှလုံးခုန်နှုန်းမမှန်တာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက် နှလုံးရပ်တန့်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) အမြင်အာရုံအားနည်းခြင်းကနေ ကာကွယ်ပေးနိုင်တယ်
ငါးကြီးဆီကို တနေ့တလုံး ပုံမှန်သောက်သုံးပေးခြင်းဟာ မျက်သားခမ်းခြောက်ခြင်း၊ အသက်အရွယ်ကြောင့် အမြင်အာရုံလျော့နည်းလာခြင်းနဲ့ မျက်လုံးမှာတိမ်ဖြစ်ခြင်းတို့ကိုကာကွယ်ပေးနိုင်ပါတယ်။
(၃) အသားအရေကို ကြည်လင်စိုပြည်စေနိုင်တယ်
ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 Fatty Acid ဟာ ကော်လဂျင်ထုတ်လွှတ်မှုကို မြင့်တက်စေတာကြောင့် အရေးကြောင်းနဲ့ အသားအရေ လျော့ရဲလာခြင်းတို့ကို လျော့ကျစေနိုင်တဲ့အပြင် အသားအရေမှာရှိတဲ့ ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည် ပြုပြင်ပေးနိုင်တာကြောင့် အသားအရေကို ကြည်လင်စိုပြည်စေနိုင်ပါတယ်။
(၄) စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေနိုင်တယ်
ငါးကြီးဆီမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ Serotonin ထုတ်လွှတ်မှုကို အားကောင်းစေတာကြောင့် စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး စိတ်ဖိစီးမှုများခြင်းကို လျော့ကျစေနိုင်ပါတယ်။
(၅) လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ကာကွယ်ပေးနိုင်တယ်
လေထုညစ်ညမ်းမှုဟာ ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပြီး ငါးကြီးဆီပုံမှန်သောက်သုံးပေးခြင်းဟာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်ထိ လျှော့ချကာကွယ်ပေးနိုင်ပါတယ်။
Ref. brightside.me