ဈေးကွက်ထဲက ဆံပင်ဆိုးဆေးပစ္စည်းတော်တော်များမှာ သဘာဝအော်ဂဲနစ် ပစ္စည်းတွေကို အခြေခံထုတ်လုပ် ထားပါတယ်ဆိုတဲ့ သင်္ကေတတံဆိပ်တွေမြင်သာအောင်ကပ်ပြီး အဆိပ်တောက်ကင်းစင်ကြောင်း အပြိုင်အဆိုင် ကြော်ငြာလာကြပါတယ်။
တကယ်ပဲ သဘာဝဆံပင်ဆိုးဆေးတွေက အဆိပ်တောက်ကင်းပြီး ဦးရေပြားကို ထိခိုက်မှုမရှိဘူးဆိုတာ သေချာရဲ့လား။
တော်တော်များများပြောနေကြတဲ့ သဘာဝဆံပင်ဆိုးဆေးဆိုတာတွေက ဟန်ပြသက်သက်ဗန်းပြထားတာတွေပါ လို့ Northwestern တက္ကသိုလ် အရေပြားဆေးပညာဌာနက တွဲဖက်ပေါမောက္ခ ဒေါက်တာ Andrew Scheman ကဆိုပါတယ်။
“သဘာဝဆံပင်ဆိုးဆေးဆိုတာတွေက တကယ်တော့ အကုန်လုံး အော်ဂဲနစ်ပစ္စည်းတွေနဲ့ပဲ ထုတ်တာမျိုး မဟုတ်ပါဘူး” တဲ့။
ဒေါက်တာ Scheman တွေ့ရှိချက်အရတော့ ဈေးကွက်ထဲက သဘာဝဆံပင်ဆိုးဆေးပါဆိုတဲ့ ပစ္စည်းတွေထဲမှာ တခြားဓာတုဆံပင်ဆိုးဆေးတွေလိုပဲ PPD (သို့) PTDS ကို သဘာဝကုန်ကြမ်းပစ္စည်းတွေနဲ့ ရောစပ်ထားတယ် လို့ဆိုပါတယ်။
PPD ဆိုတာကတော့ Paraphenylenediamine ဓာတုပစ္စည်းတမျိုးဖြစ်ပြီး ဦးရေပြားဓာတ်မတည့်မှုရဲ့ အဓိက တရားခံပါ။ သူနဲ့အတူ PTDS Para-toluenediamine Sulfate အနွယ်ဝင်ပါ ခေါ်လာတတ်ပါတယ်။
သဘာဝဆံပင်ဆိုးဆေးလို့ အမည်တပ်ထားတဲ့ ဆံပင်ဆိုးဆေးတွေမှာတော့ အဆိုပါ ဓာတုပစ္စည်း ၂ မျိုးပါဝင်မှု က တခြားတံဆိပ်တွေထက် ရာခိုင်နှုန်းတော့ နည်းပေမယ့် လုံးဝမပါတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဦးရေပြားနုနယ်သူတွေဆိုရင် ထိတွေ့မှုများတာနဲ့ အရေပြားနီရဲရောင်ရဲလာပြီး ဓာတ်မည့်တာမျိုးတွေ စတင်ဖြစ်လာနိုင်ပါတယ်။
သင့်ခေါင်းပေါ်က ဆံပင်ဖြူတွေကို ဓာတုပစ္စည်းအနည်းဆုံးနဲ့ ဖုံးထားချင်တယ်ဆိုရင်တော့ သဘာဝပစ္စည်း အများစုနဲ့ ထုတ်ထားတဲ့ အရည်သွေးမြင့် Henna, Indigo (သို့) Amla ဆံပင်ဆိုးအမျိုးအစားတွေထဲက ရွေးချယ်ကြည့်သင့်ပါတယ်။ ဒါ့ပြင် ကိုယ်သုံးမယ့် ဆံပင်ဆိုးဆေးတွေမှာ မာကျူရီနဲ့ ခဲဓာတ်ပါဝင်မှုမရှိအောင် သေချာစိစစ် ရွေးချယ်သင့်ပါသေးတယ်။
Ref: Emma Deangela
You may also like these stories:
အလှကုန်တွေထဲက ဓာတု အဆိပ်အတောက်တွေ သတိထား