စိတ်ဖိစီးမှုများတာ၊ စိတ်ပင်ပန်းတာတွေဟာ အမျိုးသားတွေကို ထိပ်ပြောင်နိုင်ခြေမြင့်မားစေသလိုပဲ အလုပ်လုပ်ချိန် များတဲ့ အမျိုးသားတွေဟာဆိုရင်လည်း ထိပ်ပြောင်နိုင်ခြေပိုများတယ်ဆိုတာကို မကြာသေးခင်ကမှ လေ့လာတွေ့ရှိ ခဲ့ပါတယ်။
ဒီလေ့လာတွေ့ရှိချက်အသစ်အရ ဆိုရင်တော့ တပတ်မှာ အလုပ်လုပ်ချိန် အနည်းဆုံး ၅၂ နာရီ ကြာ အလုပ်လုပ် သူတွေဟာ ဆံပင်ကျွတ်တာ၊ အရွယ်မတိုင်ခင် ထိပ်ပြောင်တာ စတာတွေ ဖြစ်နိုင်ခြေပိုများတယ်လို့ သိရပါတယ်။
ဒီသုတေသနလေ့လာချက်ကို တောင်ကိုရီးယားနိုင်ငံက သုတေသီတွေက လေ့လာပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂၀ ကနေ ၅၉ နှစ်ကြား အမျိုးသားပေါင်း ၁၃၀၀၀ ကျော်ကို စမ်းသပ်လေ့လာခဲ့တာပါ။ ဒီလေ့လာမှုအတွက် အချိန် ၄ နှစ်ကျော်ကြာ လေ့လာပြင်ဆင်ခဲ့ရပြီး စမ်းသပ်လေ့လာရာမှာ အဖွဲ့သုံးဖွဲ့ခွဲပြီး လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
တပတ်အတွင်း နာရီ ၄၀ ခန့် အလုပ်ချိန်ရှိသူတွေကို Normal အဖွဲ့၊ ၅၂ နာရီကြာ အလုပ်ချိန်ရှိသူတွေကို Long အဖွဲ့နဲ့ ၅၂ နာရီကျော် အလုပ်ချိန်ရှိသူတွေကိုတော့ Much Longer အဖွဲ့ဆိုပြီး အဖွဲ့သုံးဖွဲ့ခွဲကာ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီသုတေသန လေ့လာစမ်းသပ်မှုမှာ အလုပ်ချိန်အပြင် တခြားသောအကြောင်းရင်းတွေ ဖြစ်တဲ့ ဆေးလိပ်သောက်သုံးမှု၊ အိမ်ထောင်ရေးအခြေအနေ၊ လုပ်ငန်းခွင်တွင်း အခြေအနေနဲ့ လစဉ်ဝင်ငွေတို့ကိုပါ ထည့်သွင်းလေ့လာခဲ့တာ ဖြစ်ပါတယ်။
အလုပ်ချိန် ၅၂ နာရီခန့်ရှိတဲ့ အသက် ၂၀ နဲ့ ၃၀ ကြားအမျိုးသားတွေဟာ ပုံမှန်အလုပ်ချိန်လုပ်သူတွေထက် ထိပ်ပြောင် နိုင်ခြေ ပိုများပြီး ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ စိတ်ဖိစီးမှုနဲ့ အလုပ်ပင်ပန်းမှုဒဏ်တွေဟာ မွေးညှင်းပေါက်လေး တွေကို ပျက်စီးပိတ်ဆို့စေပြီး ဆံပင်တွေရှင်သန်ကြီးထွားမှုကို ရပ်တန့်စေတဲ့ Catagen တွေကို ဆံသားနဲ့ဦးရေပြားထဲ ထိ ဝင်ရောက်လာစေနိုင်တာကြောင့် ဆံပင်တွေ တဖြည်းဖြည်း ပါးလျလာကာ ထိပ်ပြောင်ခြင်းကို ဖြစ်ပေါ်စေတာ ဖြစ်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။
Ref. www.thesun.co.uk
You may also like these stories:
မျက်စိဆရာဝန်တွေ ညွှန်ကြားထားတဲ့ မျက်စိကျန်းမာရေး နည်းလမ်းများ
သဘာဝဆံပင်ဆိုးဆေးတွေကသာ ဦးရေပြားအတွက် အသင့်တော်ဆုံးလား
Hair Dryer သုံးတတ်သူတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များ