အိပ်ရာမဝင်ခင် ဖုန်းသုံးတတ်တဲ့အလေ့အကျင့်နဲ့ ညအိပ်ရာဝင်တဲ့အခါ ဖုန်းကို အိပ်ရာထဲထိ သယ်သွားပြီး ဘေးနားထားအိပ်စက်တာဟာ ကျန်းမာရေးအတွက် ဆိုးရွားတဲ့ အလေ့အကျင့်တခုဖြစ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
ညအိပ်ရာမဝင်ခင် ဖုန်းအသုံးပြုခြင်းဟာ အိပ်စက်ချိန်ကို ထိခိုက်နိုင်သလို ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ထိခိုက်လာစေနိုင်တာကြောင့် ဆင်ခြင်သင့်တယ်လို့ အကြံပြုပြောဆိုထားပါတယ်။
ဖုန်းစွဲလမ်းခြင်းဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အများဆုံး တွေ့ရလေ့ရှိပြီး ဖုန်းကို အိပ်ရာမဝင်ခင် အချိန်အထိ အသုံးပြုခြင်းဟာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးကို များစွာ အထောက်အကူပြုစေနိုင်ပြီး အိပ်စက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ခံစားချင်တယ်ဆိုရင် အိပ်ရာဝင်ကာနီးအချိန်တွေမှာ ဖုန်းအသုံးမပြုဖို့နဲ့ ဖုန်းကို ခပ်ဝေးဝေးမှာ ထားအိပ်ဖို့ကို ဆေးပညာရှင်တွေက အခုလို အကြံပြုထားပါတယ်။
(၁) ဖုန်းကထုတ်လွှတ်တဲ့ အပြာရောင်အလင်းတန်းတွေဟာ ဟော်မုန်းတွေကို ထိခိုက်စေတယ်
ဖုန်းကနေ ထုတ်လွှတ်တဲ့ အပြာရောင်အလင်းတန်းတွေဟာ အိပ်စက်ခြင်းစက်ဝန်းကို ပုံမှန်လည်ပတ်စေတဲ့ ဟော်မုန်း တွေကို ထိခိုက်သေဆုံးစေနိုင်ပါတယ်။ ညအိပ်ရာဝင်ကာနီး ဖုန်းသုံးခြင်းဟာ ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေတာ ကြောင့် ဦးနှောက်ဆဲလ်တွေကိုသာမက မျက်စိအမြင်အာရုံကိုပါ ထိခိုက်စေနိုင်ပါတယ်။
(၂) စိတ်မကြည်မလင်ဖြစ်စေတယ်
ဖုန်းကနေ ထွက်တဲ့ Radiation တွေဟာ ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေတာကြောင့် အိပ်ရာကနေ နိုးထတဲ့အခါ စိတ်မကြည်မလင်ဖြစ်စေပြီး အိပ်ရေးမဝသလို ခံစားရတာ၊ ခေါင်းမကြည်တာ စတာမျိုးတွေကို ဖြစ်စေနိုင်တာကြောင့် ဖုန်းကို ခပ်ဝေးဝေးမှာ ထားအိပ်သင့်ပါတယ်။
(၃) စိတ်ခံစားမှုတွေကို အနှောင့်အယှက်ဖြစ်စေတယ်
အိပ်စက်အနားယူမယ့်အချိန်မှာ ဦးနှောက်ထဲမှာ ရှင်းရှင်းလင်းလင်း ဖြစ်နေမှသာ ကောင်းမွန်စွာအိပ်စက်နိုင်မှာပါ။ အိပ်ရာမဝင်ခင် ဖုန်းသုံးခြင်းဟာ စိတ်ခံစားမှုတွေကို အနှောင့်အယှက် ဖြစ်စေတာကြောင့် စိတ်ပိုင်းဆိုင်ရာကို ရေရှည်မှာ ထိခိုက်လာစေနိုင်ပါတယ်။
Ref. www.thejakartapost.com
You may also like these stories:
ကျန်းမာရေးအတွက် စမတ်ဖုန်း မထားသင့်တဲ့ နေရာများ
ကလေးငယ်တွေကို စမတ်ဖုန်း ပေးမသုံးသင့်တဲ့ အကြောင်းအရင်း
မှတ်ဉာဏ် လျော့ကျလာခြင်းနဲ့ အာရုံစူးစိုက်မှု အားနည်းခြင်း ဖြစ်စေတဲ့ အကြောင်းရင်း ၅ ချက်