ကျန်းမာရေးနဲ့ သင့်တော်ပေမယ့် ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အစားအစာများ
ကျောက်ကပ်ဟာ သွေးတွင်းက အဆိပ်အတောက်တွေ၊ အရည်တွေကို ဆီးအဖြစ် စစ်ထုတ်ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တာကြောင့် အရေးကြီးတဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ တချို့သော အစားအစာတွေဟာ ကျန်းမာရေးအတွက် သင့်တော်တယ်၊ ကောင်းကျိုးတွေ ပေးနိုင်တယ် ဆိုပေမယ့် ကျောက်ကပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာကြောင့် ဆင်ခြင် စားသုံးသင့်ပါတယ်။
(၁) ထောပတ်သီး
ထောပတ်သီးဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးတည့်တဲ့ အသီးအနှံတမျိုးဖြစ်ပေမယ့် များများစားသုံးမယ်ဆိုရင်တော့ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ ထောပတ်သီးမှာ ပိုတက်ဆီယမ်ဓာတ်များစွာ ပါဝင်တာကြောင့် ကျောက်ကပ် ကျန်းမာရေး ပြဿနာရှိသူတွေအနေနဲ့ သတိပြုစားသုံးသင့်ပါတယ်။
(၂) ငှက်ပျောသီး
ငှက်ပျောသီးဟာဆိုရင်လည်း အာဟာရဓာတ်ပြည့်ဝတဲ့ အသီးအနှံတမျိုးဖြစ်တာကြောင့် စိတ်ချလက်ချ စားသုံးနိုင်တယ်ဆိုပေမယ့် ပိုတက်ဆီယမ်ဓာတ် အများအပြား ပါဝင်တာကြောင့် ကျောက်ကပ်မကောင်းသူတွေ အနေနဲ့ များများစားသုံးဖို့ မသင့်သလို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးဖို့ အကြံပြုချင်ပါတယ်။
(၃) နို့ထွက်ပစ္စည်းများ
နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ကယ်လ်ဆီယမ် အပါအဝင် အာဟာရဓာတ်တွေ ကြွယ်ဝတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်တယ်ဆိုပေမယ့် Phosphorus ပါဝင်မှုများတာကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ သွေးထဲမှာ ပါဝင်နေတဲ့ Phosphorus တွေကို ကျောက်ကပ်က စစ်ထုတ်ယူရတာဖြစ်တဲ့အတွက် ကျောက်ကပ် မကောင်းသူတွေအနေနဲ့ သတိပြု စားသုံံးသင့်ပါတယ်။
(၄) အသားများ
တိရစ္ဆာန်ကနေရတဲ့ အသားတွေမှာ ပရိုတင်းဓာတ် မြင့်မားစွာပါဝင်ပြီး ပရိုတင်းဓာတ် မြင့်မားခြင်းဟာ ကျောက်ကပ် ကျန်းမာရေး မကောင်းသူတွေ အတွက်တော့ အန္တရာယ်ရှိတဲ့ အစားအစာ တမျိုးပါ။ ပရိုတင်းဓာတ် များပြားခြင်းဟာ ကျောက်ကပ်ကို ကျောက်တည်နိုင်ခြေ မြင့်တက်စေတာကြောင့် အသားစားသုံးမှုကို ဆင်ခြင်သတိပြုသင့်ပါတယ်။
Ref. brightside.me
You may also like these stories:
ကျန်းမာရေးအတွက် ကန်စွန်းရိုးနီရဲ့ အကျိုးပြုပုံများ
ဆေးဆိုးထားတဲ့ ဆံပင်တွေကို အရောင်မကျွတ်အောင် ဘယ်လိုထိန်းသိမ်းမလဲ
အမျိုးသားတွေ ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာ ၅ မျိုး