ချင်း (ဂျင်း) ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာရှိပြီး ဆေးဖက်ဝင်တဲ့ ဟင်းခတ် အမွှေးအကြိုင်တမျိုး ဖြစ်ပေမယ့် အခုဖော်ပြပေးမယ့် ကျန်းမာရေး ပြဿနာမျိုးတွေ ရှိနေရင်တော့ စားသုံးဖို့ မသင့်တော်ပါဘူး။
(၁) ကိုယ်အလေးချိန် နည်းလွန်းသူတွေ
ချင်းဟာ အစားအစာတွေထဲမှာ ပါဝင်တဲ့ အဆီဓာတ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိတာကြောင့် ကိုယ်အလေးချိန်နည်းလွန်းသူတွေ၊ ပိန်နေတာကြောင့် ဝဖို့ကြိုးစားနေသူတွေအတွက်တော့ စားဖို့ မသင့်တော်ပါဘူး။
(၂) ဆီးချိုဆေး သောက်သုံးနေရသူတွေ
ချင်းဟာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်တယ်ဆိုပေမယ့် ဆီးချိုဝေဒနာရှိလို့ (မက်ဖော်မင်၊ အင်ဆူလင်) လို ဆီးချိုဆေးတွေ သောက်သုံးနေရသူတွေ အနေနဲ့ဆိုရင် ဆေးအာနိသင်ကို လျော့ကျသွားတာမျိုး ဖြစ်စေနိုင်တာကြောင့် သတိပြု စားသုံးသင့်ပါတယ်။
(၃) သည်းခြေမှာ ကျောက်တည်နေသူတွေ
သည်းခြေကျောက်တည်တဲ့ ကျန်းမာရေးပြဿနာကို ခံစားရသူတွေအနေနဲ့တော့ ချင်းကို စားသုံးမယ်ဆိုရင် သည်းခြေရည် ထုတ်လွတ်မှုကို တိုးစေနိုင်တာကြောင့် ရောဂါအခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။ သည်းခြေရည် များလွန်းတာဟာ သည်းခြေကျောက်တည်မှုကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
(၄) ကိုယ်ဝန်ဆောင်တွေ
ကိုယ်ဝန်ဆောင်တွေ ချင်း စားသုံးသင့်၊ မသင့်နဲ့ ပတ်သက်ပြီး လေ့လာမှုတွေ အတိအကျ မရှိပေမယ့် မွေးဖွားမယ့်ရက် နီးလာရင်တော့ စားသုံးဖို့ကို ရှောင်ကြဉ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ချင်းစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။
Ref. doctor.ndtv.com
You may also like these stories:
ဆံကေသာ ကျန်းမာရေး ပြဿနာတွေအတွက် ချင်းရဲ့အသုံးဝင်ပုံများ
သင် မထင်မှတ်ထားတဲ့ လွယ်လွယ်ကူကူ ဝိတ်ကျစေမယ့် အစားအစာ ၆ မျိုး
ကျောက်တည်ခြင်းနဲ့ ဒူးဆစ်နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေတဲ့ ချင်းပြုတ်ရည်