ငယ်စဉ် ကလေးဘဝတုန်းက ဖိနပ် မပါဘဲ ခြေဗလာနဲ့ လမ်းလျှောက်ခဲ့ဖူးကြပေမယ့် အရွယ်ရောက်လာချိန်မှာတော့ ခြေဗလာနဲ့ လမ်းလျှောက်တာမျိုးဟာ မရှိသလောက်ကို ဖြစ်နေပါပြီ။ ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ခြေဗလာနဲ့ လမ်းလျှောက်တာဟာ မထင်မှတ်ထားလောက်အောင် ကျန်းမာရေး ကောင်းကျိုးတွေ များစွာရှိပြီး ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်
ခြေဗလာနဲ့ လမ်းလျှောက်ခြင်းဟာ ခြေဖဝါးရဲ့အပူဓာတ်ကနေတဆင့် သံဓာတ်တွေ ခန္ဓာကိုယ်ထဲ စီးဝင်စေတာကြောင့် ကိုယ်တွင်း ရောင်ရမ်းမှုတွေကို ကျဆင်းစေခြင်း၊ ဟော်မုန်း မျှတစေခြင်း၊ ကိုယ်တွင်းအဆိပ်အတောက်တွေကို လျော့ကျစေခြင်း စတဲ့ ကောင်းကျိုးတွေကို ရစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
(၂) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတယ်
ခြေဗလာနဲ့ လမ်းလျှောက်ခြင်းအားဖြင့် မြေကြီးဓာတ်ရဲ့ ထူးခြားတဲ့ အာနိသင်ကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ စိုးရိမ်စိတ်များခြင်းနဲ့ စိတ်ဓာတ်ကျခြင်း အပါအဝင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
(၃) ကြွက်သားတွေကို သန်မာစေနိုင်တယ်
ခြေဗလာနဲ့ လမ်းလျှောက်ခြင်းကြောင့် ခြေဖဝါးရဲ့သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်တဲ့အပြင် ခြေဖဝါးကြွက်သားတွေနဲ့ ခြေထောက် ကြွက်သားတွေကို သန်မာလာစေနိုင်ပါတယ်။
(၄) သွေးတိုးရောဂါကို သက်သာစေနိုင်တယ်
လေ့လာမှုတွေအရ သွေးတိုးရောဂါ ဝေဒနာရှင်တွေကို တပတ်မှာ ၃ နာရီလောက် ခြေဗလာနဲ့လမ်းလျှောက်စေခြင်းဟာ သွေးတိုးကို သဘာဝအတိုင်း ကျဆင်းစေပြီး သွေးတိုးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
Ref. www.powerofpositivity.com
You may also like these stories:
တဦးနဲ့တဦး ပွေ့ဖက်ခြင်းရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေး ကောင်းကျိုး ၅ ခု
အိပ်ရာဝင်ခါနီးတိုင်း ပျားရည် စားသုံးပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု
အသံကျယ်ကျယ် စကားပြောခြင်းဟာ ကျန်းမာရေး ပိုမိုကောင်းကြောင်း လေ့လာတွေ့ရှိ