Health

ကျောက်ပတ်တီးအစားထိုး ရေစိုခံလက်ပတ်တွေ တီထွင်လိုက်တဲ့ အမေရိကန်နိုင်ငံသား

Want create site? Find Free WordPress Themes and plugins.

မတော်တဆ ခြေထောက်ကျိုးတာ၊ လက်ကျိုးတာမျိုး ခံစားရတဲ့အခါ နာကျင်ရတဲ့ ဝေဒနာကြောင့်ရော ဒဏ်ရာ သက်သာဖို့အတွက် ကျောက်ပတ်တီး စီးရတဲ့အတွက်ပါ စိတ်အနှောင့်အယှက် အနည်းနဲ့အများဆိုသလိုတော့ ဖြစ်ကြရပါတယ်။

ဒီလို ကျောက်ပတ်တီး စီးရတဲ့အခါ နေရထိုင်ရ သက်သောင့်သက်သာ မရှိမှုကို လျော့ပါးစေဖို့ အမေရိကန်ပြည်ထောင်စု ချီကာဂိုက အင်ဂျင်နီယာနှစ်ဦးဟာ  ကျောက်ပတ်တီး အစားထိုး ရေစိုခံ လက်ပတ်တွေကို တီထွင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီကျောက်ပတ်တီး အစားထိုး ရေစိုခံလက်ပတ်ကို “Cast 21” လို့ နာမည်ပေးထားပြီး ကျောက်ပတ်တီး စီးထားစဉ်မှာ ခံစားရတဲ့ အရေပြား ယားယံတာ၊ ချောင်ချောင်လည်လည် မရှိတာနဲ့ ရေစိုမခံတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တာ ဖြစ်ပါတယ်။

Cast 21 ကို တီထွင်ခဲ့သူ နှစ်ဦးကတော့ Illinois တက္ကသိုလ်က အီလက်ထရောနစ် အင်ဂျင်နီယာ Justin Brooks နဲ့ ဇီဝဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ Ashely Moy တို့ပဲ ဖြစ်ပါတယ်။

ကျောက်ပတ်တီးအစားထိုး Cast 21 ကို အသုံးပြုဖို့ အချိန် ၁၀ မိနစ်လောက်သာ ပေးရပြီး ဝတ်ဆင်တဲ့အခါမှာလည်း ကျောက်ပတ်တီးထက်ပိုပြီး သက်သောင့်သက်သာ ရှိစေတာ ဖြစ်ပါတယ်။ အရိုးကျိုးတာကို သက်သာပျောက်ကင်း စေဖို့အတွက် လက်ပတ်အတွင်းကို ဆေးရည်တမျိုး ထိုးသွင်းရပြီး ဒီဆေးရည်ဟာဆိုရင် အရိုးတွေကို ပုံမှန်အတိုင်း ပြန်လည်မာကျောကာ နေသားတကျ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

ဒီ cast 21 ဟာ အလွယ်တကူလည်း အသုံးပြုနိုင်သလို သယ်ယူရတာလည်း ပေါ့ပါးတာကြောင့် အိမ်တွေမှာ အရေးပေါ်ဆေးပစ္စည်းအနေနဲ့ အသုံးပြုဖို့ ထားနိုင်မှာ ဖြစ်ပါတယ်။ လက်ပတ်ပတ်ထားစဉ်မှာလည်း ပုံမှန်အတိုင်း လှုပ်ရှားနိုင်မှာဖြစ်ပြီး ရေစိုလည်းခံကာ ချွတ်ရတပ်ရလည်း လွယ်တာကြောင့် အသုံးဝင်တဲ့ ဆေးပစ္စည်းတခုအနေနဲ့ သိပ်မကြာခင်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref. www.boredpanda.com

You may also like these stories:

ခြေဗလာ လမ်းလျှောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ

ဒီလို ကျန်းမာရေး ပြဿနာတွေ ရှိရင် ချင်းကို မစားသုံးသင့်ပါဘူး

Did you find apk for android? You can find new Free Android Games and apps.
Loading