Health

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိနေကြောင်းကို ပြသနေတဲ့ အပြုအမူများ

ကျန်းမာရေးကောင်းမွန်တယ်ဆိုတာမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ်ကျန်းမာရေး ကောင်းမွန်ဖို့ကလည်း အရေးကြီးပါတယ်။ နေ့စဉ်လှုပ်ရှားသွားလာပြီး အလုပ်အကိုင်မပျက် လုပ်ကိုင်နေပေမယ့် စိတ်ကျန်းမာရေး ပြဿနာရှိနေသူတွေဟာ အခုနောက်ပိုင်းမှာ တဖြည်းဖြည်း များပြားလာနေတယ်လို့ စိတ်ပညာရှင်တွေ ပြောဆိုထားပြီး ကိုယ်မသိလိုက်ဘဲ လုပ်မိနေတဲ့ တချို့အပြုအမူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိနေတယ် ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။

(၁) အအိပ်အနေ နည်းနေမယ်

ညညအိပ်မပျော်တာမျိုးဟာ တခါတရံဆိုရင်တော့ ပြဿနာသိပ်မရှိလှပေမယ့် မကြာခဏဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တခုခုရှိနေတာဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ယူဆထားကြပါတယ်။ စိတ်ကျဝေဒနာ ခံစားနေရသူ ၆၀ ရာခိုင်နှုန်းလောက်ခန့်ဟာ ညအိပ်မပျော်တာမျိုးကို ဖြစ်လေ့ရှိပြီး အအိပ်အနေ နည်းတာဟာ စိတ်ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။

(၂) ဆိုရှယ်မီဒီယာ အသုံးပြုမှုလွန်ကဲနေမယ်

ဆိုရှယ်မီဒီယာအသုံးပြုတဲ့ အရွယ်ရောက်သူပေါင်း ၁၅၀၀ ခန့်မှာ ၇၀ ရာခိုင်နှုန်းလောက်ဟာ ဆိုရှယ်မိဒီယာကို အလွန်အကျွံ အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားနေကြရတာ ဖြစ်တယ်လို့ လေ့လာသူ တွေက ဆိုပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်ကရော ဆိုရှယ်မီဒီယာ သုံးစွဲမှုများပြားနေ တာလား၊ ဘာကြောင့်လဲဆိုတဲ့ အချက်ကို ပြန်လည် ဆန်းစစ်ကြည့်သင့်ပါတယ်။

(၃) တယောက်တည်းနေချိန်တွေ များနေမယ်

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ခံစားနေရသူအများစုဟာ လူတွေနဲ့ စုစုဝေးဝေး နေထိုင်ရတာမျိုးထက် တယောက်တည်းနေချိန်တွေ များနေတတ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကိုယ်ကိုယ်တိုင် မသိလိုက်ဘဲ ပြုမူမိတတ်တဲ့ အပြုအမူတချို့ဟာ ကိုယ့်စိတ်ကျန်းမာရေး အခြေအနေကို ဖော်ပြနေတယ်ဆိုတာကို မမေ့သင့်ပါဘူး။

(၄) သတိမထားမိဘဲ အစားတွေ တချိန်လုံးစားမိနေမယ်

ဗိုက်ဆာလို့ အစားစားနေတာမျိုး မဟုတ်ဘဲ မကြာခဏဆိုသလို အစားတွေ ဆက်တိုက်စားမိနေပြီး ကိုယ်အလေးချိန် မြင့်တက်လာရခြင်းဟာဆိုရင်လည်း စိတ်ကျန်းမာရေး ပြဿနာတစုံတခု ရှိနေတဲ့ အပြုအမူမျိုး ဖြစ်ပါတယ်။

Ref. www.carrersinpsychology.com

You may also like these stories:

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်သင့်တဲ့ အရာများ

စိတ်ဒဏ်ရာများကို ကုသပေးဖို့ လိုအပ်နေသည်

စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျ ဝေဒနာကို သက်သာစေတဲ့ စံပယ်ပန်းရနံ့

စိတ်ဖိစီးမှု များပြီး စိတ်မပျော်ရွှင်ဘူးဆိုတာ ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့ လက္ခဏာများ

Loading