ကလေးမိဘတွေအပါအဝင် လူကြီးတော်တော်များများဟာ ကလေးငယ်တွေကို စနောက်ချင်တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ရယ်မောပျော်ရွှင်စေချင်တဲ့ အခါမျိုးမှာဖြစ်ဖြစ် ကလိထိုး စနောက်တတ်ကြပါတယ်။ ဒီလိုကလိထိုးစနောက်တဲ့အခါ ကလေးငယ်တွေဟာ ရယ်မောနေပေမယ့် ပျော်ရွှင်လို့ ရယ်မောတာမျိုး မဟုတ်ဘဲ ရယ်ရုံသက်သက်သာ ဖြစ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်က ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ကလေးငယ်တွေကို ကလိထိုးခြင်းဟာ ပျော်ရွှင်မှုအစစ်အမှန်ကို ပေးစွမ်းနိုင်တာမျိုး မဟုတ်ဘဲ အခန့်မသင့်ရင် ကလေးရဲ့ ကျန်းမာရေးကိုပါ သက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။
စစ်တမ်းတွေအရဆိုရင် ကလေးတွေဟာ ကလိထိုးခံရတာကို မကြိုက်ပေမယ့် အရယ်အမော မပျက်ကျပေမယ့် သူတို့ အနေနဲ့လည်း ဘာမှတုံ့ပြန်နိုင်စွမ်း မရှိတာကြောင့် လူကြီးတွေက ဒါကို ကြိုက်နှစ်သက်တယ်လို့ ထင်မှတ်တတ်ကြတယ်လို့ ဆိုပါတယ်။
မကြာခဏ ကလိထိုးကျီစယ်ခံရတဲ့ ကလေးဟာ အရွယ်ရောက်လာတဲ့အခါ ကလိထိုးခံရတဲ့အပြုအမူကို အနိုင်ကျင့်ခံရတယ်လို့ သူတို့မှတ်ဉာဏ်မှာ စွဲသွားတတ်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားတတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
ကလေးတယောက်အတွက် ကလိထိုးတဲ့အခါ မရပ်မနားဆိုသလို ရယ်မောခြင်းဟာလည်း ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်သလို အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတစုံတခုလည်း ဖြစ်ပေါ်နိုင်တာကြောင့် မရပ်မနားတမ်း ကလိထိုးခြင်းကို ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။
ကလေးငယ်တွေကို ပျော်ရွှင်ရယ်မောစေချင်ရင် တခြားသောနည်းလမ်းတွေ အသုံးပြုပြီး ရယ်မောအောင် လုပ်ပေးသင့်ပြီး ကလိထိုးခြင်းကတော့ ရေရှည်မှာ ကလေးအတွက်လည်း မကောင်းတာကြောင့် သတိပြုဆင်ခြင်ဖို့ ဆေးပညာရှင်တွေက အကြံပေးထားပါတယ်။
Ref. www.brightside.me