ရာသီအကူး အပြောင်းမှာပဲဖြစ်ဖြစ်၊ ရာသီဥတု နည်းနည်းအေးလာတာနဲ့ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတတ်သူတွေဟာ ခန္ဓာကိုယ်ခုခံအားစနစ်မှာ တခြားသူတွေထက်ပိုပြီး အားနည်းကြလို့ပဲ ဖြစ်ပါတယ်။ ကိုယ်ခံအားနည်းသူတွေဟာ ကျန်းမာရေးပိုင်းမှာ တခြားသူတွေထက် ပိုဂရုစိုက်ဖို့ လိုအပ်ပြီး ဒီလိုမကြာခဏ ကျန်းမာရေး ချူချာတတ်သူတွေ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ
ကိုယ်ခံအားနည်းတတ်သူတွေဟာ တခြားသူတွေထက် ကူးစက်ရောဂါ၊ တုပ်ကွေးဖျားနာ စတာတွေ ပိုမိုဖြစ်ပွားနိုင်တာကြောင့် တကိုယ်ရည် သန့်ရှင်းရေးကို ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။
(၂) အိပ်ရေးဝဝ အိပ်စက်ပါ
အိပ်ချိန်နည်းတာ၊ အိပ်ရေးပျက်များတာတွေဟာဆိုရင်လည်း ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တာကြောင့် အိပ်စက်ချိန်ကို ပိုမိုဂရုစိုက်သင့်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ ခုခံအားစနစ်ကို မြင့်တက်စေနိုင်တာကြောင့် တနေ့ကို ၈ နာရီခန့် အိပ်စက်ပေးသင့်ပါတယ်။
(၃) အာဟာရဖြစ်မယ့် အစားအစာတွေကို စားသုံးပါ
ကိုယ်ခံအားနည်းသူတွေ နောက်ထပ် ဂရုစိုက်ရမယ့် အချက်တခုကတော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးဖို့ပါ။ ဆီကြော်တွေ၊ အသင့်စားအစားအစာတွေဟာ ကိုယ်ခံအားစနစ်ကို ပိုမိုယုတ်လျော့စေနိုင်တာကြောင့် အာဟာရ ပြည့်ဝတဲ့ အသီးအရွက်၊ အသား၊ ငါး စတာတွေကို စားသုံးပေးသင့်ပါတယ်။
(၄) ကိုယ်လက်လှုပ်ရှား ပြုလုပ်ပါ
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တော့ တနေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ လမ်းလျှောက်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။
(၅) လက်ဆေးပါ
အပြင်ကပြန်လာတဲ့အခါဖြစ်ဖြစ်၊ အစာမစားခင် စတဲ့အချိန်တွေမှာ လက်တွေကို သေချာစင်ကြယ်အောင် ဆေးပေးဖို့ကလည်း လိုက်နာရမယ့် အချက်တခု ဖြစ်ပါတယ်။
Ref. www.everydayhealth.com
You may also like these stories:
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေတဲ့ H1N1 ရာသီတုပ်ကွေး အကြောင်း
ကျန်းမာရေးအတွက် ကန်စွန်းရိုးနီရဲ့ အကျိုးပြုပုံများ