လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ခန့်တည်းက Dollar General နဲ့ Nestle အစရှိတဲ့ ကုမ္ပဏီကြီးတွေဟာ သူတို့ရဲက စီးပွားရေးလုပ်ငန်းနဲ့ ထုတ်ကုန်ပစ္စည်းတွေကို ကျန်းမာရေးနဲ့ပိုမိုကိုက်ညီတဲ့ စံနှုန်းတွေနဲ့ထုတ်လုပ်သွားမှာဖြစ်တယ်လို့ အတိအလင်းကြေညာခဲ့တာဖြစ်ပါတယ်။
အစိုးရအဖွဲ့ဝင်တဦးဖြစ်တဲ့ Andrew Cumo ဟာ နယူးယော့ခ်မှာတည်ရှိနေတဲ့ ဆေးရုံတိုင်း အသီးအနှံကိုအခြေခံတဲ့ အစာအာဟာရတွေကို ဖြည့်စွက်ပေးဖို့အတွက် တိုက်တွန်းထုတ်ပြန်စာမှာ ကျန်ခဲ့တဲ့သောကြာနေ့က လက်မှတ်ထိုး ခဲ့တာ ဖြစ်ပါတယ်။
အခုလို အပြုသဘောဆောင် တိုက်တွန်းခဲ့တဲ့ထုတ်ပြန်စာကြောင့် နယူးယော့ခ်မှာရှိတဲ့ ဆေးရုံတွေရော အမေရိကန် နိုင်ငံ အနှံ့အပြားမှာရှိတဲ့ ဆေးရုံတော်တော်များများမှာပါ လိုက်နာမယ်ဆိုရင် အစာအာဟာရနဲ့ ပတ်သက်တဲ့ ကျန်းမာရေးစံနှုန်းတွေဟာ ပိုမိုတိုးတက်လာမှာဖြစ်သလို အစာအဟာရစံနှုန်းတွေကို မြှင့်တင်ဖို့ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
ကျန်းမာရေးစစ်တမ်းတွေအရဆိုရင် ဖြစ်ပွားမှုမြင့်မားတဲ့ ရောဂါတွေထဲမှာ နှလုံးရောဂါဖြစ်ပွားမှုနှုန်းဟာ ၄၀ ရာခိုင်နှုန်း အထိ ရှိနေတာဖြစ်ပြီး အဲဒီထဲမှာ ဆီးချိုရောဂါဖြစ်ပွားနေသူတွေဟာ ၁.၆သန်းခန့်ရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဆေးရုံတွေမှာ လူနာအများစုကို ကျွေးမွေးလေ့ရှိတဲ့ အစာအအာဟာရတွေဟာ အခြေခံဖြစ်ပြီး ညွှန်ကြားချက်အတိုင်း သောက်သုံးနေရတဲ့ ဆေးတွေနဲ့လည်းကိုက်ညီဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ဒီလိုပြုလုပ်ရတဲ့ အဓိကအချက်ကတော့ လူနာတွေကို နေ့စဉ်ကျွေးမွေးမယ့် အစားအစာမီနူးကို အသိပေးဖို့ဖြစ်ပြီး တိရစ္ဆာန်တွေဆီကရတဲ့ ဘယ်လိုကုန်ပစ္စည်းကိုမှ အသုံးမပြုတော့ဘူးဆိုတာပဲဖြစ်ပါတယ်။ အခုလို ပြုလုပ်လိုက်ခြင်း ဟာ လူနာတွေရဲ့ ကျန်းမာရေးအခြေအနေကို ပိုမိုအထောက်အကူ ဖြစ်စေမှာဖြစ်သလို ဆေးရုံတိုင်းရဲ အစာအာဟာရ အတွက် အသုံးစရိတ်ကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
You may also like these stories:
ပဲထောပတ်စားသုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
လူတိုင်းသိထားသင့်တဲ့ တို့ဆေး (ခေါ်) Ketamine အကြောင်း