HIV ရောဂါဟာ အရင်ကာလတွေတုန်းကတော့ ကုရာနတ္ထိ ဆေးမရှိလို့ သတ်မှတ်ထားခဲ့ကြပေမယ့် အခုလို ဆေးပညာတွေ တိုးတက်လာတဲ့ နောက်ပိုင်းမှာတော့ ဒီရောဂါကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေအပြင် လုံးဝ အမြစ်ပြတ်တဲ့အထိ ကုသနိုင်တဲ့ ဆေးတွေကိုပါ ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။
HIV ရောဂါဝေဒနာသည်တွေရဲ့ လူ့သက်တမ်းကို ဆေးဝါးတွေ အကူအညီနဲ့ ထိန်းချုပ်ထားနိုင်တဲ့ အဆင့်ကနေ လုံးဝ ပျောက်ကင်းသွားအောင် ကုသနိုင်မယ့် ဆေးဝါးတမျိုးကို လာမယ့် ၂၀၂၁ ခုနှစ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တော့မယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒီဆေးကို ဆေးပညာသုတေသန ပညာရှင်တွေက စမ်းသပ် လေ့လာနေပြီး စမ်းသပ်နေတဲ့ ဆေးတွေကတော့ HVTN 702, Imbokodo နဲ့ Mosaico ဆိုတဲ့ ဆေးတွေပါ။ ဒီဆေး အမျိုးအစား ၃ မျိုးကို လေ့လာ စမ်းသပ်နေတာဟာ အချိန်အတိုင်းအတာ တခုထိ ကြာမြင့်နေပြီး အခုလေ့လာနေတဲ့ အဆင့်ဟာ နောက်ဆုံးအဆင့်ထိ ရောက်နေပြီလို့ ပြောလို့ ရပါတယ်။ ဒါကြောင့်မို့လည်း ၂၀၂၁ မတိုင်ခင် ၂၀၂၀ လောက်မှာတည်းက ထွက်ပေါ်လာနိုင်တယ်လို့ သုံံးသပ်နေကြတာပါ။
ဒီ ဆေး ၃ မျိုးကို HVTN 702, Imbokodo နဲ့ Mosaico ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ ဆေးပြား တပြားဟာ ခန္ဓာကိုယ်ထဲမှာ ပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်တွေကို ရပ်တန့်သွားစေမှာဖြစ်သလို သွေးထဲက HIV ပိုးတွေကိုလည်း လျော့နည်းသွားစေမှာ ဖြစ်တယ်လို့ သိရပါတယ်။ HIV ဝေဒနာရှင်တယောက်ကို လက်ရှိအချိန်မှာတော့ Antiretroviral treatmet (ART) နည်းလမ်းနဲ့ ကုသပေးနေပေမယ့် နောက်ပိုင်းမှာတော့ ဒီဆေးပြားအကူအညီနဲ့ ကုသနိုင်တော့မှာ ဖြစ်ပါတယ်။
လတ်တလော စမ်းသပ်ချက်တွေအရ ဒီ ၃ မျိုး ပေါင်းစပ်ထားတဲ့ ဆေးဟာ ဗိုင်းရပ်စ်ကို လုံးဝပျောက်ကင်းသွားနိုင်တယ်လို့ အာမ မခံထားပေမယ့် ရောဂါကို စောစောစီးစီး သိရှိထားတဲ့ လူနာတွေမှာဆိုရင်တော့ ပုံမှန်အတိုင်း အမြန်ဆုံးဖြစ်သွားဖို့ ကုသပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆေးရဲ့အားနည်းချက်ကတော့ ဒီဆေးသောက်သုံးမှုကို ရပ်ဆိုင်းလိုက်မယ်ဆိုရင်တော့ HIV ဗိုင်းရပ်စ်တွေဟာ ပြန်လည် ပျံ့နှံ့လာမယ့် သဘောမှာ ရှိနေပါတယ်။ ဒါကြောင့်မို့လို့လည်း ဆေးပညာရှင်တွေဟာ လက်ရှိအချိန်မှာ နောက်ဆုံးအဆင့်အနေနဲ့ လေ့လာစမ်းသပ်နေကြတာ ဖြစ်ပြီး HIV ရောဂါကို လုံးဝပျောက်ကင်းသွားတဲ့အထိ ကုသနိုင်ဖို့ ရည်ရွယ်နေကြတာလည်း ဖြစ်ပါတယ်။
Ref. www.thesun.co.uk