ဆောင်းရာသီမှာ ရေနွေးနွေးလေးနဲ့ ရေချိုးရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ
ဆောင်းရာသီလည်းရောက်ပြီ၊ အခုရက်ပိုင်းကလည်း သိသိသာသာ အအေးဓာတ်လည်းပိုလာတာဖြစ်တဲ့အတွက် ရေချိုးဖို့ကို တော်တော်လေး စဉ်းစားယူနေရမယ် ထင်ပါတယ်။ ရာသီဥတုအေးလို့ ရေမချိုးတာဟာ အရေပြား ကျန်းမာရေးပြဿနာတွေအပြင် လူကိုလည်း လေးလံထိုင်းမှိုင်းစေနိုင်ပါတယ်။
ဒါကြောင့် အခုလိုဆောင်းတွင်းကာလမှာ ရေအေးနဲ့ချိုးတာထက် ရေခပ်နွေးနွေးလေးနဲ့ ချိုးသင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်
ရေခပ်နွေးနွေးလေးနဲ့ ရေချိုးပေးခြင်းဟာ ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းခြင်းကို ပြေလျော့စေနိုင်ပါတယ်။ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ကြွက်သားတွေ ထုံကျင်ကိုက်ခဲတာ၊ နာကျင်တာတွေကို ရေခပ်နွေးနွေးလေးနဲ့ ရေချိုးပေးခြင်းက သက်သာစေမှာ ဖြစ်ပါတယ်။
(၂) အရေပြားကို ပိုမိုသန့်စင်စေနိုင်တယ်
သာမန်အချိန်တွေမှာ ရေပူရေနွေးနဲ့ ရေချိုးခြင်းဟာ အသားအရေခြောက်သွေ့တာမျိုးကို ဖြစ်ပေါ်စေနိုင်တာ မှန်ပေမယ့် ခုလို ရာသီဥတုအေးနေချိန်မှာတော့ အရေပြားတွင်းက ချွေးပေါက်တွေထဲမှာ ပိတ်နေတဲ့ ဖုန်မှုန့််နဲ အညစ်အကြေးတွေ ကို သန်စင်ပေးနိုင်မှာဖြစ်ပါတယ်။
(၃) စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး လန်းဆန်းစေနိုင်တယ်
ရာသီဥတုအေးနေလို့ လူကထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေချိန်မှာ ရေမချိုးဘဲနေလိုက်ရင် ပိုဆိုးနိုင်ပါတယ်။ ရေခပ်နွေးနွေး လေးနဲ့ ရေချိုးပေးခြင်းက လူကိုလန်းဆန်းစေနိုင်တဲ့အပြင် စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့သွားစေနိုင်ပါတယ်။
(၄) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တယ်
ညအိပ်မပျော်တဲ့သူတွေအနေနဲ့ ရေခပ်နွေးနွေးနဲ့ ရေချိုးပေးခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်မှာဖြစ်သလို ရာသီဥတုကြောင့် ခေါင်းလေးတာ၊ ခေါင်းကိုက်တာတွေကိုလည်း သက်သာစေနိုင်မှာဖြစ်ပါတယ်။
Ref. www.timesofindia.com
You may also like these stories:
ညဘက် အိပ်မပျော်စေတဲ့ အကြောင်းအရင်း ၈ ချက်
မနက်တိုင်း သောက်နေကျ ကော်ဖီဖြတ်လိုက်ရင် ဘာတွေပြောင်းလဲသွားမလဲ
တကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်ပြီး မှားယွင်းနေတဲ့ အလေ့အထ ၅ ခု