ဆံပင်ပုံမှန်ဆိုးရသူတွေအတွက် ဓာတုပစ္စည်းပါတဲ့ဆိုးဆေးတွေ ပုံမှန်သုံးနေမယ်ဆိုရင် ဦးရေပြားကို ထိခိုက်ပျက် စီးနိုင်ပါတယ်။ ဓာတုဆိုးဆေးတွေမှာ ဦးရေပြားကို ထိခိုက်ပျက်စီးစေတဲ့ အဓိကတရားခံကတော့ PPD ကြောင့် ဓာတ်မတည့်မှုတွေ ဖြစ်လာရတာပါ။ ဆာဖိတ်ဓာတ်ပါတဲ့ ဆိုးဆေးတွေ တာရှည်သုံးနေမယ်ဆိုရင် အရေပြား ပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။
နောက်ပိုင်းမှာ ဆံပင်ဆိုးဆေးတွေကို သဘာဝပစ္စည်းအခြေခံ ထုတ်လုပ်ရောင်းချလာပေမယ့် ရာနှုန်းပြည့်တော့ အဆိပ်တောက်ကင်းစင်တယ်လို့ အာမမခံနိုင်ကြသေးပါဘူး။ ဒါကြောင့် ဆံပင်ဆိုးဆေးတွေ သုံးမယ်ဆိုရင် မာ ကျူရီနဲ့ ခဲဓာတ်ပါဝင်မှုရှိမရှိ စိစစ်ရွေးချယ်သင့်တယ်လို့ ဆိုပါတယ်။
သဘာဝဆိုးဆေးတွေထဲကမှ သဘာဝ ပစ္စည်းအများစုနဲ့ ထုတ်လုပ်ထားတာလည်းဖြစ်၊ ရိုးရာသဘာဝဆိုးဆေး လည်းဖြစ်တဲ့ Henna ဆိုးဆေး သုံးမယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကို ဝေမျှပေးချင်ပါတယ်။
Henna ဆံပင်ဆိုးဆေးက ဆံသားကို ပျော့ဆေးတခုလိုပဲ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဆံသားကျန်းမာစေ သလို၊ ထူထဲပြီး တောက်ပစေပါတယ်။ ဦးရေပြားမှာ ရှိရမယ့် pH level ကို ထိန်းညှိပေးနိုင်လို့ ဆံသားအတွက် အထူးပဲ သင့်တော်တယ်လို့ မှတ်ချက်ပြုခံထားရပါတယ်။
သဘာဝဆိုးဆေး Henna ဟာ ယာယီမဟုတ်ဘဲ တာရှည်ခံတဲ့ ဆိုးဆေးအမျိုးအစားပါ။ တခါဆိုးထားရင် ၄ ပတ် ကနေ ၆ ပတ်ထိ ဆံသားပေါ်မူတည်ပြီး အထားခံပါတယ်။ စဆိုးခါစမှာ အရောင်ရင့်ရင့်ထွက်ပြီး ကြာတာနဲ့ အရောင်မှိန်လာတာ ကြောင့် အရောင်နုနုဆိုးချင်သူတွေဆိုရင် Henna နဲ့ အဆင်မပြေပါဘူး။
တာရှည်ခံဆိုးဆေးဖြစ်တဲ့ Henna ဟာ အမှုန့်ကနေ ရေဖျော်ပြီး အနှစ်ပုံစံကြောင့် ဆံပင်ဆိုးတဲ့အခါ အရေပြား၊ အင်္ကျီနဲ့ ကြမ်းပြင်တွေမှာ စင်ပြီး ထင်ကျန်စွန်းကျန်နေတတ်လို့ ဆံပင်ဆိုးတဲ့အခါ လက်အိတ်အသုံးပြုပါ။
Henna ဟာ ဓာတုဆံပင်ဆိုးဆေးတွေနဲ့ မတူဘဲ ဆိုးထားပြီး အချိန်ကြာကြာထားလို့ရပါတယ်။ ကိုယ့်ဆံသား ပေါ်မူတည်ပြီး ၁ နာရီကနေ ၆ နာရီထိ Shower Cap အုပ်ထားပြီး ထားနိုင်ပါတယ်။ ပြီးရင်တော့ ခေါင်းမှာ အနှစ် တွေ သန့်စင်သွားတဲ့အထိ သေချာလျှော်ပေးပါ။
တခြားဆိုးဆေးတွေနဲ့မတူဘဲ Henna ဆိုးဆေးက ဆံပင်အဖြူရောင်တွေကိုပဲ အရောင်ထင်ပါတယ်။ မဆိုးခင် အရောင်ကို စိတ်ကြိုက်ရွေးပါ။ ဆိုးပြီးမှ နောက်ထပ်တရောင်ပြောင်းဖို့ မလွယ်ပါဘူး။
Ref: Detox Inista
You may also like these stories:
သဘာဝဆံပင်ဆိုးဆေးတွေကသာ ဦးရေပြားအတွက် အသင့်တော်ဆုံးလား
ဆေးဆိုးထားတဲ့ ဆံပင်တွေကို အရောင်မကျွတ်အောင် ဘယ်လိုထိန်းသိမ်းမလဲ