အိမ်မှုကိစ္စတွေ၊ နေ့စဉ်လုပ်ငန်းခွင်ရေးရာတွေနဲ့ အမြဲလိုလို အလုပ်များနေတတ်တဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ အလှအပရေးရာကို ဂရုစိုက်ရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း အချိန်ပေးသင့်ပါတယ်။ တချို့သော ကျန်းမာရေးပြဿနာတွေဟာ စောစောစီးစီးသာ သိရှိမယ်ဆိုရင် ကုသဖို့လွယ်ကူတဲ့အပြင် အသက်အန္တရာယ်ကနေ လည်း ကြိုတင်ကာကွယ်နိုင်မှာပါ။
ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ မဖြစ်မနေပြုလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) ရင်သားကင်ဆာစစ်ဆေးခြင်း
အမျိုးသမီးတွေကို အသက်အန္တရာယ်အထိ ခြိမ်းခြောက်နေတဲ့ ရောဂါတွေတည်းကတခုဖြစ်တာကြောင့် ရင်သားကင်ဆာ စစ်ဆေးမှုကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။ မိသားစုထဲမှာ ရင်သားကင်ဆာဖြစ်ဖူးသူရှိမယ်ဆိုရင် ပိုမိုစစ်ဆေးဖို့ လိုအပ်ပြီး ရင်သားမှာအကျိတ်ရှိ၊ မရှိ မိမိဘာသာစစ်ဆေးတာ၊ အကျိတ်မရှိဘဲ ရင်သားရောင်ရမ်းတာ၊ နာကျင်တာမျိုး ရှိ၊မရှိ စတာတွေကို စစ်ဆေးသင့်ပါတယ်။
(၂) သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု
အသက် ၂၀ ကျော်လာပြီဆိုတာနဲ့ အမျိုးသမီးတွေအနေနဲ့ Pap Test လို့ခေါ်တဲ့ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို ပြုလုပ်သင့်ပါတယ်။ အသက် ၃၀ ကျော်အမျိုးသမီးတွေအနေနဲ့တော့ HPV စစ်ဆေးမှုကို ဆရာဝန်နဲ့တိုင်ပင်ပြီး ပြုလုပ်သင့်ပီး HPV ဗိုင်းရပ်စ်ဟာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်လာစေနိုင်ပါတယ်။
(၃) ဆီးချိုသွေးချိုစစ်ဆေးမှု
စစ်တမ်းတွေအရဆိုရင် အမျိုးသားတွေထက် အမျိုးသမီးတွေဟာ ဆီးချို၊သွေးချို ဖြစ်ပွားမှုနှုန်းများပြီး ကိုယ်အလေးချိန် များတဲ့ အမျိုးသမီးတွေဆိုရင် ဆီးချိုသွေးချိုစစ်ဆေးမှုကို စောစောစီးစီးပြုလုပ်သင့်ပါတယ်။
(၄) အရိုးပွရောဂါစစ်ဆေးမှု
အမျိုးသမီးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ အရိုးပွရောဂါ ခံစားရနိုင်ခြေများပြီး မျိုးရိုးထဲမှာ အရိုးပွရောဂါ ဖြစ်ပွားတာမျိုးရှိရင်၊ အရိုးကျိုးအက်ဖူးမယ်ဆိုရင် ပိုပြီး စောစီးစွာ စစ်ဆေးသင့်ပါတယ်။
(၅) နှလုံးရောဂါစစ်ဆေးမှု
ဆီးချို၊သွေးချိုလိုပဲ အမျိုးသမီးတွေ အများဆုံးဖြစ်ပွားလေ့ရှိတဲ့ ရောဂါတခုဖြစ်ပြီး ကိုယ်အလေးချိန်မြင့်တက်တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ ဆေးလိပ်သောက်တာမျိုးတွေရှိမယ်ဆိုရင် ပုံမှန်စစ်ဆေးသင့်ပါတယ်။
Ref. www.realsimple.com
You may also like these stories:
အမျိုးသမီးတွေ နေ့စဉ်စားသုံးပေးသင့်တဲ့ အာဟာရစာများ
အမျိုးသမီးများအတွက် နှလုံးရောဂါအကြောင်း သိကောင်းစရာများ
အမျိုးသမီးတွေရဲ့ ထူးခြားဆန်းကြယ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှု ၇ ချက်
အမျိုးသမီးတွေက အမျိုးသားတွေထက် ဘာကြောင့်ပိုမိုအိပ်စက်သင့်တာလဲ