Health

စက္ကန့် ၃၀ အတွင်း နှလုံးကျန်းမာရေး အခြေအနေကို သိနိုင်မယ့် နည်းလမ်း

Want create site? Find Free WordPress Themes and plugins.

ခန္ဓာကိုယ်တွင်း လုပ်ငန်းစဉ်အားလုံး ရပ်ဆိုင်းသွားခဲ့မယ် ဆိုရင်တောင် နှလုံးဟာ အချိန် အတိုင်းအတာတခုအထိ ဆက်လက် လှုပ်ရှားနေမှာဖြစ်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆေးပညာရှင်တွေဟာ နှလုံးကို လူ့ခန္ဓာကိုယ်ထဲက စွမ်းအားအကြီးမားဆုံး အစိတ်အပိုင်း တခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ နှလုံးကျန်းမာရေး အခြေအနေကို ကောင်း၊ မကောင်း သိရှိနိုင်မယ့် နည်းလမ်းတခု အကြောင်းပဲ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ရေအေးတချို့ကို ဇလုံ ဒါမှမဟုတ် ခွက်တခုထဲ ထည့်ရမှာဖြစ်ပြီး အသုံးပြုတဲ့ ဇလုံ ဒါမှမဟုတ် ခွက်ဟာ သင့်လက်နှစ်ချောင်းလုံး ဆန့်တဲ့ အကျယ်အဝန်း ရှိရမှာ ဖြစ်ပါတယ်။ သာမန် အေးရုံ ရေလောက်ကို အသုံးမပြုဘဲ ရေခဲအနည်းငယ် ထပ်ရောလိုက်တဲ့အခါမှာ ပိုမိုမြင်သာတဲ့ ရလဒ်တခု တွေ့မြင်နိုင်မှာပါ။

ပြီးတာနဲ့ ရေခဲနဲ့ ရေ ရောစပ်ထားတဲ့ ဇလုံ ဒါမှမဟုတ် ခွက်တခုထဲ ၃၀ စက္ကန့်တိတိ လက်တွေ နှစ်ထားလိုက်ရမှာဖြစ်ပြီး အခုလို အအေးဓာတ်နဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ လက်ချောင်းထိပ်မှာရှိတဲ့ သွေးတွေ ဘယ်လို တုန့်ပြန်လဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပျမ်းမျှအားဖြင့် ရလဒ် နှစ်ခု ထွက်ပေါ်တတ်ပြီး ပထမတခုကတော့ လက်ချောင်းထိပ်တွေဟာ အနီရောင်သမ်းလာမှာ ဖြစ်ပါတယ်။ ဒါဟာ ဘာကို ဖော်ပြနေသလဲဆိုရင် သွေးထဲကို ရောက်ရှိနေတဲ့ အောက်ဆီဂျင် ပမာဏဟာ ကောင်းမွန်တဲ့ အနေအထားတခုမှာရှိနေပြီး နှလုံးနဲ့ သွေးလှည့်ပတ်မှု အဆင်ပြေပြေ ရှိနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

နောက်ထပ် ရလဒ်တခုကတော့ လက်ချောင်းထိပ်တွေဟာ ဖြူဖျော့နေမယ်၊ ဒါမှမဟုတ် အပြာရောင်သမ်းနေတယ်ဆိုရင်တော့ သွေးလှည့်ပတ်မှုနဲ့ ပတ်သက်တဲ့ ပြသနာတချို့ ရှိနေနိုင်ပြီး သွေးတွင်း အောက်ဆီဂျင် နည်းပါးနေတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။

ဒုတိယ ရလဒ် ထွက်ပေါ်လာခဲ့မယ်ဆိုရင်တော့ လက်ချောင်းထိပ်တွေကို ပြန်လည် နွေးထွေးအောင် ထားပြီး နှိပ်နယ်ပေးခြင်းအားဖြင့် ပုံမှန် အနေအထားကို ရရှိစေနိုင်မှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတခုမှာ ကျွမ်းကျင် ဆရာဝန်တယောက်ယောက်နဲ့ ပြသသင့်ပါတယ်။

နှလုံးကျန်းမာရေးအတွက် သင့်တော်မယ့် အစားအစာတွေကတော့ ကြက်သွန်ဖြူ (သွေးဖိအားလျော့ကျစေခြင်း) ၊ Dark ချောကလက် (နှလုံးရောဂါနဲ့ နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားမှု လျော့ကျစေခြင်း) ၊ ထောပတ်သီး (မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေခြင်း) တို့ပဲ ဖြစ်ပါတယ်။

Ref. brightside.me

You may also like these stories:

၂၄ နာရီအတွင်း သေဆုံးနိုင်တဲ့ ရောဂါများ

အသက်ရှည်ကျန်းမာစေဖို့ ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာတွေ

Did you find apk for android? You can find new Free Android Games and apps.
Loading