Health

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ကုသပေးနိုင်တဲ့ မှိုမျိုးစိတ်တမျိုး လေ့လာတွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ကျရောဂါနဲ့ တခြားသောစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေ အမျိုးမျိုး ပေါ်ထွက်လာနေတာ မှန်ပေမယ့် သဘာဝပစ္စည်းတွေကနေရရှိတဲ့ စိတ်ကျန်းမာရေးကု ဆေးဝါးတွေကတော့ ထင်သလောက် မများပြားသေးပါဘူး။

အခုတခါမှာတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို လျှော့ချကုသပေးနိုင်တဲ့ Lion’s mane လို့ခေါ်တဲ့ မှိုမျိုးစိတ်တမျိုးကို ဆေးပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီ Lion’s mane ဆိုတဲ့ မှိုမျိုးစိတ်ဟာ ဆေးပညာအတွက်တော့ အခုမှတွေ့ရှိခဲ့တဲ့ သဘာဝပစ္စည်းတမျိုးမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ တခြားသော ကျန်းမာရေးပြဿနာတွေ ကုသရာမှာ အသုံးပြုခဲ့ကြတာပါ။

အခုတွေ့ရှိခဲ့တဲ့ လေ့လာချက်တွေအရ ဆိုရင်တော့ စိတ်ကျန်းမာရေးဝေဒနာရှင် အယောက် ၃၀ ခန့်ကို Lion’s mane မှိုကို အသုံးပြုကာ ကုသခဲ့ပြီး ဘေးထွက်ဆိုးကျိုးနည်းပါးကာ စိတ်ကျရောဂါ၊ အိပ်မပျော်တာနဲ့ စိတ်ဖိစီးမှုများတာတွေ ကုသပေးနိုင်တာကို တွေ့ရှိခဲ့ကြတာပါ။

Lion’s mane မှိုကို ပါဝင်ပစ္စည်းတမျိုးအနေနဲ့ ကွတ်ကီးထဲမှာ ထည့်သွင်းအသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ခံစားနေရသူတွေကို ကျွေးမွေးစေခဲ့တာပါ။ လက်ရှိအချိန်ထိတော့ ဒီမှိုကို အသုံးပြုပြီး ဆေးဝါးအနေနဲ့ ထုတ်လုပ်ထားတာမျိုး မရှိသေးပေမယ့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်သွင်းချက်ပြုတ် စားသုံးခြင်းကနေ စိတ်ကျန်းမာရေး ပြဿနာတွေကို လျှော့ချပေးနိုင်တာကို လေ့လာတွေ့ရှိခဲ့ကြတာပါ။

Lion’s mane မှိုကို တနေ့ကို ၂ ဂရမ်လောက်နဲ့ ၄ ပတ်တိတိ ကျွေးမွေးစေခဲ့တာမှာ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုများပြီး အတွေးလွန်ခြင်းကို လျှော့ချပေးနိုင်တာကို တွေရှိခဲ့ကြတာ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဆေးပညာရှင်တွေရဲ့အဆိုအရ Lion’s mane မှိုထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ စိတ်ခံစားမှုနဲ့ အာရုံစူးစိုက်မှုအားကို ပိုမိုကောင်းမွန်စေပြီး Alzheimer နဲ့ Parkinson’s တို့လို ရောဂါမျိုးတွေကိုတောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

Ref. www.wakingtimes.com

You may also like these stories:

စိတ်ဖိစီးမှုများပြီး စိတ်သောက ရောက်နေချိန်မှာ မစားသင့်တဲ့ အစားအစာများ

ဆောင်းရာသီမှာ များများစားသုံးပေးသင့်တဲ့ အစားအစာများ

လုပ်ငန်းခွင်မှာ တက်တက်ကြွကြွ ရှိစေနိုင်ဖို့ ဖြည့်စွက် စားပေးသင့်တဲ့ အစားအစာများ

Did you find apk for android? You can find new Free Android Games and apps.
Loading