လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ Chia Seed ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်တွေ အပြင် သံဓာတ်၊ အိုင်အိုဒင်းနဲ့ မဂ္ဂနီဆီယမ် စတဲ့ ဓာတ်တွေပါ ပါဝင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ကိုယ်အလေးချိန်ကျဆင်းဖို့လည်း Chia Seed ကို သောက်ကြပါသေးတယ်။
Chia Seed ကို မိမိသောက်ချင်တဲ့ ဖျော်ရည်၊ ကော်ဖီ စတာတွေမှာ ထည့်သောက်လို့ ရပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံတယ်လို့ သိရပါတယ်။ ဒါကြောင့် Chia Seed ကို နေ့တိုင်းသောက်ရင် ရရှိနိုင်မယ့် ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အရိုးနှင့် သွားကျန်းမာရေး ကောင်းမွန်ခြင်း
Chia Seed ဟာ သတ္တုဓာတ်ကြွယ်ဝတာကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ Chia Seed ၂၅ ဂရမ်မှာ ကယ်လ်ဆီယမ်ဓာတ် ၁၅၇ မီလီဂရမ်ပါဝင်ပြီး ဒါဟာ နွားနို့တခွက်မှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ပမာဏထက် များပြားပါ တယ်။ ကယ်လ်ဆီယမ်ဟာ ခန္ဓာကိုယ်ရဲ့ အဓိက အရိုးတွေကို သန်မာစေတဲ့ အပြင် သွားကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
(၂) ဆီးချို ကျစေခြင်း
အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေတဲ့ အဆီတွေ ပါဝင်ကြောင့် Chia Seed ဟာ ဆီးချိုကိုလည်း ကျစေနိုင်ပါတယ်။ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနရဲ့ ပြောဆိုချက်တွေ အရ Chia Seed ဟာ ဆီးချိုကို လျော့ချပေးနိုင်တဲ့ အကောင်းဆုံး ဖြည့်စွက်စာဖြစ်တယ်လို့ ဆိုပါတယ်။
(၃) ဝမ်းကောင်းခြင်း
Chia Seed ဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ရေဓာတ်လည်း ပါဝင်တာကြောင့် ဝမ်းချူပ်ခြင်းကို သက်သာစေပြီး အသက်အရွယ် ကြီးသူတွေ အတွက် အထူးကောင်းမွန်တယ်လို့ သိရပါတယ်။ Chia Seed မှာ အိုမီဂါ-၆ ပါဝင်တာကြောင့် အစာလမ်းကြောင်းကို ကောင်းမွန်စေပြီး အစာစားချင်စိတ် မကြာခဏဖြစ်ပေါ်ခြင်းကို ထိန်းထားနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။
(၄) နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း
Chia Seed မှာ အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ပါဝင်တာကြောင့် သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ နှလုံးအမောဖောက်ခြင်းနဲ့ သွေးတိုးခြင်းတွေကိုလည်း တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။
(၅) အရွယ်တင်ခြင်း
Chia Seed မှာ အင်တီအောက်ဆီးဒင့် များပြားစွာ ပါဝင်တာကြောင့် အသားအရေ ပျက်စီးမှုကို ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ဗီတာမင်-အီး ပါဝင်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးပါတယ်။
Ref. Brightside
You may also like these stories:
ကျန်းမာရေးအတွက် ကန်စွန်းရိုးနီရဲ့ အကျိုးပြုပုံများ
ရွှေဖရုံသီးစေ့စားခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများ
စွပ်ပြုတ်ဟင်းရည် စားသုံးခြင်းကနေ ရရှိမယ့် ကျန်းမာရေး ကောင်းကျိုးများ
နို့နဲ့ နို့ထွက်ပစ္စည်းတွေလိုမျိုး ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ