Health

အိပ်ရေးပျက်တဲ့ ညတွေကို ဘယ်လို ကုစားကြမလဲ

Want create site? Find Free WordPress Themes and plugins.

မကြာခင် ခရစ်စမတ်ကာလနဲ့ နှစ်သစ်ကူးကာလ ပိတ်ရက်တွေကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ပိတ်ရက်ကာလ ဖြစ်တဲ့အတွက် လူငယ်အများစုကတော့ ပွဲလမ်းသဘင်တွေ သွားရောက်တာ၊ သူငယ်ချင်းတွေနဲ့အတူ Night Out ထွက်တာ၊ ညလုံးပေါက် ပါတီပွဲတွေကို ဆင်နွှဲကြလေ့ ရှိပါတယ်။

တညတာလုံး ပျော်ပါးသောက်စားကြတတ်သူတွေ အနေနဲ့ အိပ်ရေးပျက်တဲ့အခါ နောက်တနေ့မှာ လန်းဆန်းမှုမရှိဘဲ လေးလေးပင်ပင် ဦးနှောက်မကြည် ဖြစ်တတ်ပါတယ်။

အနောက်တိုင်းမှာတော့ ညလုံးပေါက်နေလိုက်ခြင်းဟာ ၈ နာရီကြာ မာရသွန်ပြိုင်ပွဲ ဝင်လိုက်ရတဲ့ ပင်ပန်းမှုမျိုးကို ရရှိစေတယ်လို့ ဆိုပါတယ်။ ပါတီပွဲတွေ စောစောပြီးလို့ ညဉ့်နက်ပိုင်းမှ အိပ်ရာဝင်တယ်ဆိုရင်လည်း တက်ကြွမှုအရှိန် မသေသေးတာကြောင့် Insomnia လို့ခေါ်တဲ့ အိပ်မပျော်တဲ့ရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာဆိုရင် နိုင်ငံရဲ့ လုပ်သား ၂၃ ရာခိုင်နှုန်းဟာ အိပ်ရေးပျက်တဲ့ ဖြစ်စဉ်ကိုကြုံတွေ့ရပြီး အဲ့ဒီအကျိုးဆက်ကြောင့် ထုတ်ကုန် ထုတ်လုပ်နိုင်မှု ကျဆင်းတာဟာ ဒေါ်လာ ၆၃ ဒဿမ ၂ ဘီလီယံအထိ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ရှိတဲ့ ဆယ်ကျော်သက်တဦးဟာ တနှစ်ကို ၁၁ ရက်လောက် အိပ်မပျော်တဲ့ရောဂါကို ခံစားရလေ့ရှိပြီး တခါတလေ အဲ့ဒီရောဂါ အကျိုးဆက်ကြောင့် နောက်တနေ့ ရုံးတက်တဲ့အခါ သူတို့ရဲ့ သက်ဆိုင်ရာ အလုပ်တွေကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘူးလို့လည်း ဆိုပါတယ်။

အိပ်ရေးပျက်ခြင်း (သို့မဟုတ်) အိပ်မပျော်တဲ့ရောဂါကြောင့် နောက်တနေ့မှာ စိတ်တိုလွယ်တာ၊ စိတ်ခွန်အား လျော့ကျတာ၊ စိုးရိမ်စိတ်လွန်ကဲတာ၊ စိတ်စုစည်းလို့မရတာ၊ တုံ့ပြန်ချိန်ကြာမြင့်တာနဲ့ မကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တာတွေအထိ ဖြစ်စေပါတယ်။

ကာလကြာရှည်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကနေ သွေးတိုးတာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေအထိ ဖြစ်သွားစေနိုင်ပါတယ်။ အဲ့ဒီတော့ လူတွေဟာ အိပ်ရေးပျက်တာနဲ့ အိပ်မပျော်တာတွေကို ကြုံတွေ့ကောင်းကြုံတွေ့ရနိုင်ပေမယ့် အဲ့ဒီဖြစ်စဉ်တွေရဲ့ အကျိုးဆက်တွေကိုတော့ အောက်ဖော်ပြပါ အချက်တွေကို အသုံးချပြီး ကျော်လွှားနိုင်ပါတယ်။

(၁) ကောင်းကောင်းစားပါ၊ ရေဓာတ် ပြည့်ဝအောင် နေပါ။

တကယ်လို့ အိပ်ရေးမဝဘူးဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ဟာ စွမ်းအင်တွေကို ထိန်းသိမ်းဖို့ ကြိုးစားလိမ့်မယ်။ အဲ့ဒီ အကျိုးဆက်ကြောင့် သင်ဟာ အစာ စားသောက်ချင်စိတ် မရှိတာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအခါမှာ စားလိုက်ရင်လည်း အလျင်အမြန် အားပြန် မပြည့်မယ့် အမြန်စား အစားအစားတွေနဲ့ ကယ်လိုရီ မပါဝင်တဲ့ မုန့်တွေကို စားသုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။

(၂) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ပါ။

ပုံမှန် အေရိုးဗစ် လေးကျင့်ခန်းမျိုးဟာ ယာယီ ခွန်အားမြှင့်တင်ပေးနိုင်တာမျိုးကို ဖြစ်စေပေမယ့် အလွန်အကျွံ လေ့ကျင့်ခန်း လုပ်ခြင်းဟာ အိပ်ရေးပျက်ခြင်းကြောင့် ကြုံတွေ့နေရတဲ့ သင့်ရဲ့ မောပန်းနွမ်းနယ်မှုကို ပိုမို ဆိုးရွားလာစေနိုင်ပါတယ်။

(၃) ကော်ဖီ သောက်ပါ။

အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်ဟာ ကော်ဖီကို စိတ်လှုံ့ဆော်ပေးတဲ့ ပစ္စည်းအနေနဲ့ အသုံးပြုကြပါတယ်။ သင်ဟာ အိပ်မပျော်တဲ့ညတညကို ဖြတ်သန်းခဲ့ရမယ်ဆိုရင် ကော်ဖီ ၁ ခွက်လောက် သောက်ဖို့ လိုအပ်နိုင်ပါတယ်။ ကော်ဖီ ၂ ခွက်လောက် သောက်တာဟာ အကူအညီ ဖြစ်နိုင်ပေမယ့် ကဖင်းဓာတ်မြင့်မားတဲ့ စွမ်းအားဖြည့် အချိုရည်တွေကနေ စွမ်းအင်ရယူတာကိုတော့ ရှောင်ရှားရပါလိမ့်မယ်။

(၄) သင်ခံစားနေရတာထက် ပိုမိုကောင်းမွန်တဲ့ပုံစံကို ကြိုးစား ပြသပါ။

တကယ်လို့ ကိုယ်က အိပ်ရေးပျက်နေခဲ့မယ်။ ခန္ဓာကိုယ် သန့်ရှင်းရေးကိုလည်း မပြုလုပ်ဘဲ ငြင်းပယ်ခဲ့မယ် ဆိုရင် သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်နွယ်နေရတဲ့ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်ဟာ ကြည့်ရဆိုးနေပါလိမ့်မယ်။ ကိုယ့်ရဲ့ ပုံစံကို ဟန်မပျက် ထိန်းသိမ်းလိုက်ခြင်းဟာလည်း နောက်တနေ့မှာ အိပ်ပျော်တဲ့ နေ့တနေ့ကို ပိုင်ဆိုင်ရတဲ့အထိ အကျိုးဆက်ကို ရရှိစေနိုင်ပါတယ်။

(၅) တရေးတမော အမြန်အိပ်ပါ။

တကယ်လို့ ညလုံးပေါက် အိပ်ရေးပျက်ခဲ့သူ တယောက်အနေနဲ့ကတော့ အိပ်စက်ခြင်းကို အစားထိုး အမြန်ပြန် ဖြည့်ပေးဖို့ လိုပါတယ်။ နောက်တနေ့ နေ့ပိုင်းတချိန်ချိန်မှာ တရေးတမော အိပ်လိုက်ခြင်းဖြင့် စွမ်းအင်တွေကို ပြန်လည်ရရှိစေနိုင်မယ့်အပြင် နိုးနိုးကြားကြားလည်း ပြန်လည်ဖြစ်လာမှာပါ။ တရေးတမော ဆိုပေမယ့် ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိသာ အိပ်ဖို့လိုအပ်ပြီး မိနစ် ၃၀ ထက် ကျော်လွန် အိပ်စက်ခြင်းကတော့ ပြန်လည်နိုးထဖို့ ခက်ခဲစေပါလိမ့်မယ်။

နောက်ဆုံးတင်ပြချက်တဲ့ အချက်ကတော့ ရှင်းပါတယ်။ အိပ်မပျော်လို့ အိပ်ရေးပျက်လို့ ဖြစ်ရတဲ့အကျိုးဆက်ကို အိပ်စက်ခြင်းနဲ့သာ တိုက်ဖျက်နိုင်တယ်ဆိုတာပါပဲ။ အဲ့ဒီတော့ အိပ်ရေးပျက်ခဲ့တဲ့ ညအတွက် နောက်တနေ့မှာ အိပ်ရေး၀၀ အိပ်စက်ခြင်းဖြင့် နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

Ref: everydayhealth , sleepcycle.com

You may also like these stories:

သင့်ကိုလူတွေက လျစ်လျူရှုထားကြတဲ့ အကြောင်းအရင်း ၆ ချက်

ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့ အစားအစာ ၅ မျိုး

နေ့ခင်းဘက် တရေးတမော အိပ်တဲ့ ကလေးငယ်တွေဟာ စွမ်းဆောင်ရည် ပိုကောင်းကြောင်း တွေ့ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading