နှလုံးကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ
ကမ္ဘာလုံးဆိုင်ရာ ရောဂါရှာဖွေရေးနဲ့ ထိန်းချုပ်ရေးစင်တာရဲ့ စစ်တမ်းတွေအရာ အမေရိကန်နိုင်ငံတနိုင်ငံတည်းမှာတင် နှလုံးကျန်းမာရေးပြဿနာကြောင့် သေဆုံးနေရသူပေါင်းဟာ တနှစ်ကို ၆ သိန်းကျော်ခန့်ရှိတယ်လို့ သိရပါတယ်။ နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တခုဖြစ်တာကြောင့် အခုဖော်ပြပေးမယ့် လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ မပေါ့ဆသင့်တော့ပါဘူး။
(၁) လက်မောင်းရင်း မကြာခဏနာကျင်ခြင်း
အမျိုးသားတွေမှာဆိုရင် ဘယ်ဘက်လက်မောင်းရင်းက မကြာခဏဆိုသလို နာကျင်တတ်ပြီး အမျိုးသမီးတွေမှာတော့ လက်မောင်းရင်းနှစ်ဖက်လုံးက မကြာခဏနာကျင်နေမယ်ဆိုရင် နှလုံးကနေတဆင့် ကျောရိုးကနေဆက်စပ်ထားတဲ့ သွေးကြောတွေ နာကျင်နေတာကြောင့် ဖြစ်ပါတယ်။ ဒီလိုမကြာခဏ နာကျင်ခြင်းဟာ Heart Attack ဖြစ်နှုန်းကိုလည်း သိသိသာသာ မြင့်တက်စေနိုင်ပါသေးတယ်။
(၂) ခြေကျင်းဝတ်နဲ့ ခြေဖဝါးတွေ ရောင်ရမ်းလာခြင်း
နှလုံးဟာ ကောင်းမွန်စွာအလုပ်လုပ်နိုင်ခြင်း မရှိတော့တဲ့အခါ ခန္ဓာကိုယ်ရဲ့ သွေးစီးဆင်းမှုနဲ့ သွေးလည်ပတ်မှုကို ထိန်းချုပ်ပေးနိုင်ခြင်း မရှိတော့တာကြောင့် ခြေကျင်းဝတ်၊ ခြေဖဝါးနဲ့ ခြေဖမိုးတွေ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
(၃) အစာစားချင်စိတ်နည်းပြီး မကြာခဏပျို့အန်ခြင်း
နှလုံးကျန်းမာရေးပြဿနာ စတင်ဖြစ်ပွားလာသူတွေမှာဆိုရင် အစာစားချင်စိတ်နည်းပြီး စားပြီးတဲ့အခါမှာလည်း ပျို့အန်တာမျိုးကို မကြာခဏ ဖြစ်ပေါ်တတ်ကြပါတယ်။ မကြာခဏဆိုသလို ဒီလိုဖြစ်ပေါ်နေတတ်ရင်တော့ ပေါ့ဆမနေသင့်တော့ဘဲ ဆေးဝါးကုသမှုခံယူသင့်ပါတယ်။
(၄) ချောင်းဆိုးလိုက်၊သက်သာသွားလိုက် မကြာခဏဖြစ်ခြင်း
အအေးမိဖျားနာတာကြောင့် ချောင်းဆိုးတာမျိုး မဟုတ်ဘဲ မကြာခဏဆိုသလို ချောင်းဆိုးလိုက်၊ သက်သာသွားလိုက်၊ ပြန်ဆိုးလိုက်ဖြစ်နေပြီး ချောင်းဆိုးတဲ့အခါမှာလည်း အသက်ရှုကြပ်သလို မောသလို ခံစားနေရပြီဆိုရင်တော့ နှလုံးကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။
Ref. brightside.me
You may also like these stories:
အိပ်ရေးပျက်တဲ့ ညတွေကို ဘယ်လို ကုစားကြမလဲ
ဆေးသောက်တဲ့အခါ အစားတခုခု စားပြီးမှ သောက်သင့်တဲ့ အကြောင်းရင်း
Chia Seed ကို နေ့တိုင်းသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ