စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပညာရှင်တွေရဲ့ စစ်တမ်းတွေအရ ကမ္ဘာတဝှမ်းလုံးအတိုင်းအတာနဲ့ လူပေါင်း ၄၆ သန်းကျော်လောက်ဟာ စိတ်အတက်အကျမြန်တဲ့ စိတ်ကျန်းမာရေးဝေဒနာ (Bipolar) ကို ခံစားနေကြရတယ်လို့ သိရပါတယ်။ လွယ်လွယ်ကူကူပြောရမယ်ဆိုရင်တော့ အလွန်ပျော်ရွှင်စိတ်ကျေနပ်နေတဲ့ အခြေအနေတခုကနေ ရုတ်ချည်းဆိုသလို ဝမ်းနည်းခံစားရတဲ့ စိတ်အခြေအနေဆီ ကူးပြောင်းသွားတာမျိုးကို ဆိုလိုတာပါ။
သာမန်အားဖြင့်တော့ ဒီလိုစိတ်အခြေအနေ ရုတ်တရက် ကူးပြောင်းသွားတာမျိုးဟာ တနှစ်မှာ အနည်းဆုံးတကြိမ် လောက် ဖြစ်နိုင်ပေမယ့် Bipolar ခံစားနေရသူတွေမှာတော့ တပတ်မှာ အနည်းဆုံး ၂ ကြိမ်ကနေ ၃ ကြိမ်လောက်ထိ ဖြစ်နိုင်ပါတယ်။
စိတ်အတက်အကျမြန်တဲ့ (Bipolar) စိတ်ကျန်းမာရေးပြဿနာဟာ လျစ်လျူရှုမထားသင့်တဲ့ စိတ်ကျန်းမာရေး အခြေအနေတခုဖြစ်ပြီး ဒါရဲ့ ထင်ရှားတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပါ။
(၁) အိပ်မပျော်ခြင်း
တနေ့တာလုံး ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်ထားတယ်ဆိုပေမယ့် ညအိပ်ရာဝင်ချိန်မှာ နှစ်ခြိုက်စွာ အိပ်မပျော်ဘဲ ခဏခဏ လန့်နိုးတာနဲ့ အတွေးတွေများပြီး အိပ်မပျော်တာမျိုးဟာ Bipolar ရဲ့လက္ခဏာတမျိုးပဲ ဖြစ်ပါတယ်။
(၂) အာရုံစူးစိုက်ရခက်လာခြင်း
နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်မှာ တဖြည်းဖြည်းချင်း အာရုံစူးစိုက်မှု လျော့ကျလာတာ၊ အာရုံစူးစိုက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ မရပ်မနားတရစပ်တွေ အလုပ်လုပ်တာမျိုးတာဟာလည်း ဒါရဲ့ လက္ခဏာတခုဖြစ်ပါတယ်။
(၃) အတွေးများလွန်းခြင်း
အကြောင်းအရာ တစုံတခုကို အကောင်းမြင်ဘက်ကနေ အလွန်အကျွံတွေတွေးပြီး ရုတ်ချည်းဆိုသလို အဆိုးမြင်ဘက်ကို တွေးကာ စိတ်ဓာတ်ကျပြောင်းလဲသွားတာမျိုးဟာဆိုရင်လည်း Bipolar ရှိနေကြောင်း ပြသနေတဲ့ အခြေအနေတခုပါ။
(၄) မျှော်လင့်ချက်မဲ့နေသလို ခံစားရခြင်း
နေ့စဉ်ဘဝမှာ ပုံမှန်အားဖြင့် အလုပ်မပြတ်လုပ်ကိုင်နေပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတာ၊ တခါတရံ ယုံကြည်မှုတွေများလာတာနဲ့ တပြိုင်နက်တည်းဆိုသလို အလွန်အမင်းဝမ်းနည်းလာပြီး မျှော်လင့်ချက်မဲ့လာသလို ခံစားရတာဟာဆိုရင်လည်း Bipolar ရဲ့ လက္ခဏာတခုဖြစ်ပါတယ်။
Ref. www.brightside.me
You may also like these stories:
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ကုသပေးနိုင်တဲ့ မှိုမျိုးစိတ်တမျိုး လေ့လာတွေ့ရှိ
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိနေကြောင်းကို ပြသနေတဲ့ အပြုအမူများ
အသံကျယ်ကျယ် စကားပြောခြင်းဟာ ကျန်းမာရေး ပိုမိုကောင်းကြောင်း လေ့လာတွေ့ရှိ