အရေပြားကျန်းမာရေး ပြဿနာဆိုတာမျိုးဟာ အချိန်အခါမရွေး ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေး ပြဿနာတမျိုးဖြစ်ပြီး လုံလောက်တဲ့ သန့်ရှင်းမှု မရှိတဲ့အခါနဲ့ စားသောက်နေထိုင်မှုပုံစံ မှားယွင်းတဲ့အခါမျိုးမှာ အသေးအဖွဲကနေ ကြီးကြီးမားမားထိ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ အရေပြားကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ပြန်လည် မျှဝေပေးချင်ပါတယ်။
(၁) နို့နဲ့ နို့ထွက်ပစ္စည်းတွေ
နို့နဲ့ နို့ထွက်ပစ္စည်း တော်တော်များများဟာ အင်ဆူလင် Level ကို မြင့်တက်စေပြီး အရေပြား အဆီထွက်နှုန်းကို ပိုမိုမြင့်တက်စေတာကြောင့် အရေပြား ဓာတ်မတည့်မှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အရေပြား ယားယံတဲ့ ကျန်းမာရေး ပြဿနာမျိုး ဖြစ်တဲ့အခါမှာဆိုရင်လည်း နို့နဲ့ န့ိုထွက်ပစ္စည်းတွေ စားသုံးမိခြင်းဟာ ယားယံခြင်းကို ပိုမိုဆိုးရွားစေနိုင်ပြီး အနာကျက်နှုန်းကိုလည်း နှေးကွေးစေနိုင်ပါတယ်။
(၂) သကြား
အရေပြား ကျန်းမာရေး ပြဿနာတော်တော်များများနဲ့ အမျိုးသမီးတိုင်း ကြုံတွေ့ရတတ်တဲ့ ဝက်ခြံနဲ့အဆီဖု၊ အမည်းစက် ပြဿနာတော်တော်များများဟာ သကြားစားသုံးမှု များခြင်းကြောင့် ဖြစ်ပြီး သကြားဟာ အရေပြားကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။
(၃) ပင်လယ်စာ
ပင်လယ်စာ တော်တော်များများဟာ ကျန်းမာရေးနဲ့ ကိုက်ညီတယ်ဆိုပေမယ့် အရေပြား ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နေတဲ့အခါမျိုးမှာဆိုရင်တော့ ဆင်ခြင်စားသုံးသင့်ပါတယ်။ အရေပြား ယားယံတာမျိုးကို ပိုမိုဆိုးရွားလာစေနိုင်တဲ့အပြင် Breakout ဖြစ်နေတဲ့အခါမျိုးမှာဆိုရင်လည်း သတိပြု စားသုံးသင့်ပါတယ်။
(၄) အဆီများတဲ့ အသားတွေ
အဆီများတဲ့ အသားတွေဟာဆိုရင်လည်း အရေပြား ကျန်းမာရေးပြဿနာ ဖြစ်ပေါ်နေချိန်မျိုးမှာ သတိပြုစားသုံးသင့်တာမျိုးပါ။ အနာကျက်နှုန်း နှေးကွေးလာတာမျိုးနဲ့ ထိခိုက်ဒဏ်ရာတွေမှာဆိုရင်လည်း ပြည်တည်လာတာမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိပြုသင့်ပါတယ်။
Ref. www.quora.com
You may also like these stories:
စားသောက်မှုပုံစံ မှားယွင်းနေကြောင်း အသားအရေက သတိပေးနေတဲ့ လက္ခဏာများ
ရေပြား ကျန်းမာရေး ပြဿနာများအတွက် တမာရွက်ရဲ့ အသုံးဝင်ပုံများ
လက်နဲ့ မကြာခဏ မထိတွေ့သင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ