မတော်တဆ ထိခိုက်ဒဏ်ရာတွေဖြစ်တဲ့အခါ အရိုးအဆစ်တွေ ထိခိုက်နာကျင်တာနဲ့ အသက်အရွယ် ရလာတာနဲ့အမျှ အရိုးအဆစ်တွေ ယုတ်လျော့ အားနည်းလာတာဟာဆိုရင် နေ့စဉ်မသိလိုက်မသိဘာသာ ပြုလုပ်မိတတ်တဲ့ အသေးအဖွဲအပြုအမူလေးတွေကနေ စပါတယ်။
နေ့စဉ်ပြုလုပ်မိတတ်တဲ့ ဘယ်လိုအပြုအမူတွေက အရိုးအဆစ်တွေကို ထိခိုက်စေနိုင်လဲဆိုတာကို ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
(၁) အပြင်မထွက်ဘဲ အိမ်မှာပဲအနေများတာ
အပြင်မထွက်ဘဲ အိမ်မှာပဲအနေများတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာဟာ ဆိုရင်လည်း ရေရှည်မှာ အရိုးအဆစ် တွေကို ထိခိုက်လာစေနိုင်တဲ့ အပြုအမူတခုပါ။ နေရောင်ခြည်ကရတဲ့ ဗီတာမင်ဒီဟာ အရိုးအဆစ်တွေအတွက် အားဖြည့်ပေးနိုင်တာကြောင့် နေရောင်ခြည်ဓာတ်ကိုလည်း ရယူဖို့ သတိပြုသင့်ပါတယ်။
(၂) အိပ်ရေးဝဝ မအိပ်တာ
ကောင်းမွန်လုံလောက်တဲ့ အိပ်စက်ချိန်မရှိတာ၊ အိပ်ရေးဝဝမအိပ်တာဟာ ဆိုရင်လည်း တခြားသော ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေအပြင် အရိုးအဆစ်တွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ဆိုရင်တော့ အိပ်ရေးဝဝမအိပ်တာဟာ အဆစ်ရောင်ရောဂါလို ဝေဒနာခံစားရတဲ့အခါ နာကျင်မှုကို ပိုမိုခံစား ရနိုင်တယ်လို့ ဆိုပါတယ်။
(၃) အိပ်တဲ့အခါ မှောက်အိပ်တာ
မှောက်လျက်အနေအထားနဲ့ အိပ်စက်တာဟာ ခန္ဓာကိုယ်ကို အညောင်းအညာပြေစေတယ်လို့ ထင်ရပေမယ့် ကျောရိုးကို ဝန်ပိုပိစေပြီး အချိန်ကြာလာတာနဲ့အမျှ အရိုးအဆစ်တွေကို ထိခိုက်လာစေနိုင်ပါတယ်။
(၄) ထိုင်တဲ့အခါ ပုံစံမကျတာ
မတ်တပ်ရပ်တဲ့အခါ လက်ပြင်ကုန်းတဲ့အနေအထားနဲ့ ရပ်တာမျိုး၊ ထိုင်တဲ့အခါမှာလည်း ကျောရိုးကို မတ်မတ်အနေအထားနဲ့ မဟုတ်ဘဲ ကိုယ်နေဟန်ထား မမှန်ကန်တာမျိုးကလည်း အရိုးအဆစ်တွေကို ထိခိုက်လာစေနိုင်ပါတယ်။
You may also like these stories:
တနေ့ကို ထိုင်ထ အခါ ၂၀ ပုံမှန်ပြုလုပ်ပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ
ရာသီဥတုပြောင်းလဲလာမှုဟာ နောင်မျိုးဆက်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်
အရိုးအဆစ် ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်များ