Health

ကယ်လိုရီများလွန်းတဲ့ အစားအစာတွေ စားပြီးတဲ့အခါတိုင်း ပြုလုပ်ပေးသင့်တဲ့ အချက်များ

ကယ်လိုရီဆိုတာမျိုးကတော့ အစားအသောက်ကနေ ရရှိတဲ့စွမ်းအင်တမျိုးဖြစ်ပြီး ခန္ဓာကိုယ်ဟာ တနေ့တာ လှုပ်ရှားမှုတွေ၊ လိုအပ်တဲ့ အားအင်တွေအတွက် ကယ်လိုရီတွေကို ပြန်လည်အသုံးချရတာမျိုးပါ။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ကယ်လိုရီပမာဏ လိုအပ်တာထက်ပိုများနေပြီဆိုရင်တော့ ကိုယ်အလေးချိန်တက်လာတာ၊ ဝလာတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဝိတ်ချနေသူတွေအနေနဲ့ ကယ်လိုရီများလွန်းတဲ့ အစားအစာတွေ စားမိတဲ့အခါတိုင်းမှာ အခုပြောပြေပေးမယ့် အချက်လေးတွေကို လုပ်ဆောင်ကြည့်သင့်ပါတယ်။

(၁) ရေနွေးသောက်ပါ

အဆီများလွန်းတဲ့ အစားအစာတွေ၊ အသင့်သောက်သုံးနိုင်တဲ့ အားဖြည့်အချိုရည်တွေ၊ ကယ်လိုရီပမာဏ များလွန်းတဲ့ အစားအစာတွေ စားမိလိုက်တဲ့အခါတိုင်း ရေနွေးကြမ်း ဒါမှမဟုတ် ရေနွေးအဖြူ တမျိုးမျိုးကို သောက်သုံးပေးသင့် ပါတယ်။ ရေနွေးအဖြူ ၊ ရေနွေးကြမ်း စတာတွေဟာ အစားအစာတွင်းက အဆီပါဝင်မှုပမာဏကို ချေဖျက်ပေးနိုင်တာ ကြောင့် အစားစားပြီးတိုင်း သောက်သုံးပေးသင့်ပါတယ်။

(၂) ထပ်စားမယ့် အစားအစာကို သတိပြုပါ

ကယ်လိုရီများတာတွေ၊ အချိုဓာတ်များလွန်းတဲ့ ဝိတ်တက်စေမယ့် အစားအစာတွေကို စားပြီး နောက်ထပ်လည်း တခုခုစားဖို့ အစီအစဉ်ရှိနေသေးတယ် ဆိုရင် ထပ်စားမယ့် နောက်တနပ်ကို အသီးအရွက်များများစားဖို့ အာဟာရပညာရှင်တွေက အကြံပြုထားပါတယ်။

(၃) ထိုင်နေတာမျိုးထက် လှုပ်ရှားမှု တခုခုပြုလုပ်ပေးပါ

အဆီနဲ့ ကယ်လိုရီများတာတွေစားလိုက်တာကို သတိပြုမိလိုက်တာနဲ့ ချက်ချင်းဆိုသလို လေ့ကျင့်ခန်းပြေး လုပ်တာခိုင်းတာမျိုးတော့ မဟုတ်ပါဘူး။ စားပြီးနောက်ပိုင်း ခန္ဓာကိုယ်လှုပ်ရှားမှုမရှိဘဲ ထိုင်နေတာထက်စာရင် ဟိုနားဒီနား လမ်းထလျှောက်တာမျိုးလို ကိုယ်လက်လှုပ်ရှားလုပ်တာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

(၄) ချက်ချင်း အိပ်လိုက်တာမျိုးကို ရှောင်ကြဉ်ပါ

ကယ်လိုရီပါဝင်မှုများတဲ့ အချိုရည်တွေ၊ အသင့်စားအစားတွေနဲ့ အဆီများလွန်းတဲ့ အစားအစာတွေ စားပြီးပြီးချင် အိပ်ရာထဲဝင်အိပ်လိုက်တာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ရှောင်သင့်ပါတယ်။ အစားစားပြီးချင်း အိပ်ရာဝင်တာဟာ ကိုယ်အလေးချိန်တက်ခြင်းကို မြန်ဆန်စေတာကြောင့် သတိပြုဆင်ခြင်သင့်တဲ့ အပြုအမူတခုလည်း ဖြစ်ပါတယ်။

Ref. www.forbes.com

You may also like these stories:

သင်သတိမထားမိတဲ့ အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူများ

အယ်လ်ဇိုင်းမားရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ စားပေးသင့်တဲ့ အစားအစာများ

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံသားတဦးကို ထပ်မံကူးစက်

Loading