နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော၊ အရိုးအဆစ်တွေ ကျန်းမာရေးအတွက်ပါ ကောင်းမွန် စေနိုင်တယ် ဆိုပေမယ့် အခုလိုမျိုး လက္ခဏာတွေ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတယ်ဆိုရင်တော့ နို့နဲ့နို့ထွက်ပစ္စည်းတွေ သောက်သုံးမှုကို သတိပြုဆင်ခြင်သင့်ပါတယ်။
(၁) ဝက်ခြံတွေ မကြာခဏပေါက်နေမယ်
မျက်နှာအသားအရေ ဝက်ခြံတွေ မကြာခဏဖြစ်ပေါ်နေမယ် ဆိုရင်တော့ နို့နဲ့နို့ထွက်ပစ္စည်းတွေ စားသုံးမှုကို လျှော့ချသင့်ပါတယ်။ အဆီထုတ်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ အသားအရေကျန်းမာရေးပြဿနာတွေကို ပိုမိုဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။
(၂) အစာမကြေတာမျိုး ဖြစ်ပေါ်တတ်တယ်
သင်ဟာ အစားတခုခုစားပြီးတဲ့အခါတိုင်း အစာမကြေတာမျိုးကို မကြာခဏ ခံစားရတတ်တယ်ဆိုရင်တော့ နွားနို့်သောက်သုံးမှုကို အထူးဂရုပြုသင့်ပါတယ်။ နွားနို့်ဟာ အရည်ဆိုပေမယ့် အစာချေဖျက်ရခက်ပြီး အစာမကြေဖြစ်ခြင်း ခံစားရတတ်သူတွေမှာဆိုရင် ရင်ပူရင်ဆာဖြစ်တာ၊ ပျို့အန်ချင်တာမျိုးတွှေအထိ ဖြစ်စေနိုင်ပါတယ်။
(၃) ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရမယ်
အိပ်ရေးဝဝလည်း အိပ်စက်တယ်၊ အစားအသောက်လည်း သေချာစားရဲ့သားနဲ့ ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရမယ်ဆိုရင်တော့ မကြာခဏ နွားနို့်ကို သောက်သုံးမိနေသလားဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်သင့် ပါတယ်။ နွားနို့မှာပါဝင်တဲ့ အာဟာရဓာတ်တချို့ဟာ အိပ်ပျော်ဖို့ခက်တာ၊ အစာကြေရခက်တာမျိုး ဖြစ်စေတာနိုင်တာကြောင့် ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရတာလည်း ဖြစ်ပါတယ်။
(၄) အရေပြားဓာတ်မတည့်တာမျိုးတွေ ခဏခဏ ဖြစ်ပေါ်နေမယ်
အရေပြားယားယံနီမြန်းတာမျိုးနဲ့ ဓာတ်မတည့်လို့ ဖြစ်ပေါ်တဲ့လက္ခဏာတွေ မကြာခဏဖြစ်ပေါ်တတ်တယ်ဆိုရင်တော့ နို့နဲ့နို့ထွက်ပစ္စည်းတွေ စားသုံးမှုကို ဆင်ခြင်သင့်ပါတယ်။
Ref. brightsid.me