ကိုယ်အလေးချိန် လျှော့ချဖို့နဲ့ ရှိနေတဲ့ ကိုယ်အလေးချိန်ကို ဝိတ်တက်မလာအောင် ထိန်းသိမ်းဖို့ Gym သွားတာဟာ ကောင်းတဲ့ အလေ့အထ တခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် နေ့စဉ် စားသောက်နေထိုင်မှု ပုံစံနဲ့ အိပ်စက်ချိန်ကို ဂရုမစိုက်ဘူးဆိုရင်တော့ Gym သွားတာဟာလည်း ထင်သလောက် အကျိုးဖြစ်ထွန်းစေမှာ မဟုတ်တာ အသေအချာပါ။
လေ့လာသူတွေရဲ့ သုတေသန လေ့လာချက်တွေအရ ကိုယ်အလေးချိန် မြင့်တက်လာခြင်းဟာ အိပ်စက်ချိန်မမှန်တာ၊ လုံလောက်တဲ့ အိပ်စက်ချိန် မရှိတာတွေနဲ့ ဆက်စပ်နေပြီး အိပ်စက်ချိန်ကိုသာ ဂရုတစိုက်ရှိမယ်ဆိုရင် Gym သွားတာထက်တောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တနေ့ကို အိပ်စက်ချိန် ၇ နာရီကနေ ၈ နာရီ လောက်အထိ အိပ်စက်ပေးခြင်းဟာ Gym သွားပြီး အားကစားလုပ်တာထက် ကိုယ်အလေးချိန်ကို ပိုမိုသက်ရောက်စေမှာဖြစ်ပြီး လုံလောက်တဲ့ အိပ်စက်ချိန် မရှိတာဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်းကို ပိုမိုမြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။
သုတေသန စစ်တမ်းတွေအရ တနေ့တာမှာ အိပ်စက်ချိန် ၅ နာရီလောက်သာ ရှိသူတွေဟာ သာမန်ထက် အဝလွန်နိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် မြင့်တက်လာနိုင်တယ်လို့် သိရပြီး အိပ်စက်ချိန် ပျမ်းမျှအားဖြင့် ၆ နာရီလောက်သာ ရှိသူတွေကတော့ သာမန်ထက် ကိုယ်အလေးချိန် တက်လာနိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်ထိ ရှိတယ်လို့ ဆိုပါတယ်။
အိပ်စက်ချိန် ၅ နာရီအောက် နည်းခြင်းဟာ ဆိုရင်တော့ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ Leptin နဲ့ Ghrelin တို့လို ဟော်မုန်းတွေ ထွက်ရှိမှုကို မြင့်တက်စေပြီး အစားကို မရပ်မနား တရစပ် စားချင်စိတ်တွေ ဖြစ်ပေါ်စေနိုင်တာကြောင့် ကိုယ်အလေးချိန် မြင့်တက်လာမှုကို ဖြစ်ပေါ်စေနိုင်တာပါ။
Gym မသွားဘဲ နေ့စဉ် စားသောက်မှုပုံစံကို သေချာဂရုစိုက်ပြီး အိပ်စက်ချိန် အလုံအလောက် ရှိသူတွေဟာ Gym သွားပြီး စားသောက် နေထိုင်မှုပုံစံကို အလေးမထားသူတွေထက် ပိုပြီး ကိုယ်အလေးချိန် လျှော့ချမှု ပိုမိုမြန်ဆန်လေ့ရှိတယ်လို့လည်း သုတေသီတွေက ဆိုပါတယ်။
Ref. www.kentlivenews
You may also like these stories:
တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် လူပေါင်း ရာနဲ့ချီပြီး ဆက်လက် ကူးစက်နေ
နေ့လယ် တရေးအိပ်စက်ခြင်းဟာ သွေးပေါင်ကျဆေးတွေထက် ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိ
ကယ်လိုရီများလွန်းတဲ့ အစားအစာတွေ စားပြီးတဲ့အခါတိုင်း ပြုလုပ်ပေးသင့်တဲ့ အချက်များ