Health

နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့ ဆေးခြောက်သုံးစွဲမှု အန္တရာယ်

Want create site? Find Free WordPress Themes and plugins.

ဆေးခြောက်ကို ကျန်းမာရေးကိစ္စရပ်တွေမှာ ကုသဖို့အတွက် အမေရိကန်နိုင်ငံထဲက ၃၃ ပြည်နယ်မှာ တရားဝင် သုံးစွဲခွင့်ပြုထားပါတယ်။ အထူးသဖြင့် ဝက်ရူးပြန်ရောဂါသည်တွေနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေအတွက် ဆေးတွေမှာ ဆေးခြောက် ပါဝင်မှုတွေ ရှိပါတယ်။

ဒါပေမဲ့လည်း ထွက်ရှိလာတဲ့ နှလုံးရောဂါဆိုင်ရာ ဆေးပညာဂျာနယ်မှာ နှလုံးရောဂါသည်တွေအတွက် ဆေး ခြောက်ကို အသုံးပြုမယ်ဆိုရင် ချင့်ချိန်သုံးသင့်တယ်လို့ ဆိုပါတယ်။ အဆိုပါ ရလဒ်ဟာ ဘာမင်ဂမ် အမျိုးသမီးဆေးရုံနဲ့ ကိုလံဘီယာတက္ကသိုလ် ကျန်းမာရေးစင်တာမှ သုတေသီအဖွဲ့တွေစုပေါင်းပြီး ဆေးခြောက်နဲ့ နှလုံး ကျန်းမာရေး ဆက်စပ်မှုတွေကနေ ထွက်ပေါ်လာတာပါ။

အကြောင်းရင်းကတော့ နှလုံးရောဂါအတွက် အသုံးပြုနေတဲ့ ဆေးတော်တော်များဟာ မူးယစ်ဆေးပါဝင်နေပြီး အမြဲသုံးစွဲနေမယ်ဆိုရင် ကိုယ်ခန္ဓာအတွင်းက အသည်းရဲ့လုပ်ဆောင်ချက်တွေ ထိခိုက်နိုင်တာကြောင့် စိစစ် အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။

နှလုံးရောဂါအတွက် သောက်သုံးနေရတဲ့ ဆေးတွေမှာ မူးယစ်ဆေး ပါဝင်တဲ့ ဆေးဝါးတွေကို ပုံမှန် မှီဝဲရမယ်ဆိုရင် ဆေးလိပ် သောက်သုံးသူ တယောက်ကဲ့သလို့ နှလုံးကျန်းမာရေးကို ပြန်လည် ထိခိုက်နိုင်တယ်လို့ အဆိုပါ ရလဒ်မှာဖော်ပြထားပါတယ်။ အကြောင်းကတော့ ဆေးခြောက်သောက်သုံးသူတွေဟာ ဆေးလိပ်သောက်သူတွေကဲ့သို့ နှလုံးကို ထိခိုက်စေပါတယ်။

ဆေးခြောက်သုံးစွဲခြင်းဟာ ကိုကင်းဓာတ်နဲ့ အစာမကြေလွယ်တဲ့ Heavy Meal မကြာခဏ စားလေ့ ရှိသူတွေပြီးရင် နှလုံးရောဂါဖြစ်စေတဲ့ တတိယမြောက် အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။

“ဒီလေ့လာချက် မတိုင်ခင် အရင်က လေ့လာချက်တွေမှာလည်း နှလုံးကျန်းမာရေးနဲ့ ဆေးခြောက် အသုံးပြုမှု ဆက်စပ်နေတယ်ဆိုတာ ဖော်ပြခဲ့ဖူးပါတယ်။ အခု လေ့လာချက်မှာလည်း ဆေးခြောက်သုံးတာဟာ ဆေးလိပ်သောက်တဲ့သူတွေလိုပဲ နှလုံးကျန်းမာရေး ထိခိုက်စေတယ်ဆိုတာ အကြံပြုထားတယ်”လို့ ဘာမင်ဂမ် အမျိုးသမီးဆေးရုံမှ နှလုံးအထူးကု ဆရာဝန် Muthiah Vaduganathan က ဆိုပါတယ်။

“ဆေးခြောက်ရှူတာဟာ ဆေးလိပ်သောက်တဲ့သူတွေထက်တောင် ဆိုးကျိုး ပိုများနေတာပါ။ သူတို့နှစ်ခု ယှဉ် ကြည့်မယ်ဆိုရင် ပါဝင်တဲ့ပစ္စည်းတွေက အကုန် တူတူလောက်ပါပဲ။ ဒါကြောင့် ဆေးခြောက် အသုံးပြုတာလည်း နှလုံးကို ထိခိုက်စေပါတယ်။ နှလုံးရောဂါဝေဒနာရှင်တွေက ဆေးခြောက်အသုံးပြုတာကို စိတ်ချရတယ်လို့ ယုံကြည်ပြီး သုံးဖို့တောင်းဆိုမှုတွေ များလာတာကြောင့် ဆက်စပ်နေတဲ့ အကျိုးရလဒ်ဆိုးတွေကို သက်သေနဲ့တကွ ရှင်းပြနိုင်ဖို့ လိုအပ်လာပါတယ်”

“အခု လေ့လာချက်ထက် ပိုတိကျခိုင်လုံတဲ့ အချက်တွေ ရှာတွေ့ခဲ့ရင် နောက်ပိုင်း နှလုံးရောဂါ အပြင်းအထန်ခံစားနေရတဲ့ ဝေဒနာရှင်တွေအတွက် ဆေးခြောက်သုံးဖို့ဆိုတာ ချင့်ချိန်ရမှာမျိုးတွေ ရှိတယ်”လို့ နှလုံးအထူးကု Muthiah Vaduganathan က ဆိုပါတယ်။

Ref: Yahoo Lifestyle

အသက် ၂၁ နှစ်ပြည့်မှသာ တရားဝင်ဆေးလိပ် ဝယ်ယူသောက်သုံးနိုင်မယ့် အမေရိကန်နိုင်ငံ

ကမ်းခြေက အမှိုက်တွေ ကောက်ပေးရင် ဆေးခြောက် တလိပ်တိုက်တဲ့ ဂျမေကာ Hostel

ဆေးခြောက်စိုက်ခင်းတွေအပြင် ဆေးခြောက် Resort တခုကိုပါ ဖွင့်လှစ်လိုက်တဲ့ မိုက်တိုင်ဆန်

Did you find apk for android? You can find new Free Android Games and apps.
Loading