Health

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘယ်လို Mask မျိုး သုံးသင့်သလဲ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် စတင် ပြန့်ပွားပြီးနောက် အာရှနိုင်ငံတော်တော်များများမှာ Mask တွေ ရောင်းအားတိုးခဲ့ပြီး တချို့နိုင်ငံတွေမှာ ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တရုတ်အစိုးရအနေနဲ့ သန်းနဲ့ချီတဲ့ Mask တွေကို ကျန်းမာရေးဝန်ထမ်းတွေက တဆင့် ဝူဟန်မြို့ကို ပို့ဆောင်ဖြန့်ဝေပေးခဲ့တယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြထားပါတယ်။

ကိုရိုနာရောဂါဟာ လေထဲကနေ ကူးစက်နိုင်တဲ့ ရောဂါဖြစ်လို့ Mask တပ်ခြင်းနည်းနဲ့ ကာကွယ်တာဟာ အလွယ်ကူဆုံးနဲ့ ကိုယ်တိုင်ကျင့်သုံးလို့ ရတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ဒါကြောင့် ကိုရိုနားဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘယ်လို Mask မျိုး သုံးသင့်သလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

တခါသုံး Mask

တခါသုံး Mask နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ တခါသုံး Mask သုံးနည်းကို လွဲမှားစွာ လမ်းညွှန်နေတာတွေကို တွေ့ရပါတယ်။ Mask ကို သုံးတဲ့အခါ အစိမ်းရောင် ရှိတဲ့ဘက်ကို အတွင်းမှာ ထားပြီး တပ်ရမယ်ဆိုတာ မှားယွင်းတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။

အစိမ်းရောင်ရှိတဲ့ဘက်ဟာ Filter (စစ်ထုတ်ကိရိယာ) ဖြစ်ပြီး တဖက်လူက နှာချေတာနဲ့ ချောင်းဆိုးတဲ့ အချိန်မှာ ထွက်လာတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အစိမ်းရောင်ရှိတဲ့ဘက်ကို အပြင်မှာထားပြီး ဝတ်ဆင်ခြင်းက နည်းလမ်းအမှန် ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ပြောကြားချက်အရ တခါသုံး Mask တွေကို တပ်ဆင်ခြင်းက ဗိုင်းရပ်စ်အန္တရာယ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ တခါသုံး Mask တွေဟာ အမြဲတပ်ထားဖို့ ရည်ရွယ် ထုတ်လုပ်ထားတာ မဟုတ်လို့ မကြာခဏ လဲလှယ်ခြင်းတွေလည်း ပြုလုပ်သင့်ပါတယ်။

N95 Mask

N95 လို Mask မျိုးကို တပ်တာက ပိုပြီး ထိရောက်တဲ့ ကာကွယ်မှုကို ဖြစ်စေတယ်လို့ တရုတ်နိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာဌာနတွေက တိုက်တွန်းထားပါတယ်။ N95 ဟာ ဗိုင်းရပ်စ်တွေရဲ့ ရန်ကို ၉၅ ရာခိုင်နှုန်းသာ ကာကွယ်နိုင်တာ ဖြစ်ပေမယ့် အခုလက်ရှိ အချိန်မှာတော့ အထိရောက်ဆုံး ကာကွယ်နိုင်တဲ့ Mask တခုအဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ N95 လို Mask မျိုးကို အမြဲတပ်ဆင်ထားခြင်းဟာ ကလေးငယ် ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေအတွက် အန္တရာယ်များပါတယ်။

လူစုလူဝေးကို ရှောင်ပါ

တရုတ်နိုင်ငံ အတွင်းမှာတော့ အစိုးရအနေနဲ့ လူစုလူဝေးဖြစ်တဲ့ နေရာမျိုးကို ရှောင်ကြဉ်ခြင်း နည်းလမ်းနဲ့ ရောဂါကို ကာကွယ်ကြဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားသူ ရှိ၊ မရှိ မသေချာသေးတာကြောင့် လေယာဉ်ကွင်း၊ ဘတ်စ်ကားဂိတ် စတဲ့ နေရာများကို သတိထားပြီး သွားလာကြဖို့နဲ့ Mask တွေ တပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Ref. newscientist.com

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းတွေရဲ့ ဝင်ငွေများစွာ ဆုံးရှုံးနေ

ကိုရိုနာကြောင့် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တည်ဂိတ်ကို ယာယီပိတ်

Did you find apk for android? You can find new Free Android Games and apps.
Loading