ကိုရိုနာဗိုင်းရပ်စ်လို့ လူသိများတဲ့ 2019-nCoV ကူးစက်မှုတွေကို တရုတ်နိုင်ငံအလယ်ပိုင်း၊ ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ်ကုန်ခါနီး ဒီဇင်ဘာမှာ စတင်တွေ့ရှိခဲ့ကြတာပါ။ ၁ လအကြာ ဇန်နဝါရီလ နောက်ဆုံးပတ်မှာတော့ ရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ ကမ္ဘာတဝှမ်းမှာ သိသိသာသာ များပြားလာပါတယ်။
စတင်ကူးစက်ခံနေရချိန်မှာပဲ လူအယောက် ၁၀၀ ကျော် ကူးစက်ခံထားရပြီးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း သိပ္ပံပညာရှင်တွေက တာဝန်ရှိသူတွေကို ကူးစက်ခံရမှု အခြေအနေကို ၃၅ ဆလောက်နဲ့ တွက်ချက်ထားဖို့ သတိပေး ပြောခဲ့ပါတယ်။ ဥပမာ – တရားဝင်စာရင်းအရ ကူးစက်ခံရသူ ၁၀၀ ရှိတယ်ဆိုရင် တကယ့်အရေအတွက်က ၃၅၀၀ ဝန်းကျင်လောက် ရှိပြီးနေပြီလို့ ဆိုလိုတာပါ။
အဆိုပါ အရေအတွက်အတိုင်းသာ ဆက်လက် ပြန့်ပွားနေမယ်ဆိုရင် ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများမှာ အလျင်အမြန် ကူးစက်ခံရပြီး ကပ်ရောဂါအသွင် ဆောင်သွားနိုင်ပါတယ်။ ကုသဆေးနဲ့ ကာကွယ်ဆေးကို မတွေ့ရှိရသေးတာကြောင့် ရောဂါကူးစက်သူတွေ ပိုများလာဖို့လည်း ရှိနေပါတယ်။
အမေရိကန်နိုင်ငံမှာ ဇန်နဝါရီ ၁၇ ရက်မှ စတင်ပြီး San Francisco နိုင်ငံတကာ လေဆိပ်နဲ့ LA က John F.Kennedy နိုင်ငံတာကာ လေဆိပ်တွေမှာ အပူချိန်တိုင်း ကိရိယာတွေနဲ့ ခရီးသည်တွေကို စတင် စစ်ဆေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရသူကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ယခင်ဖြစ်ပွားခဲ့ဖူးတဲ့ အီဘိုလာနဲ့ ဆားစ်ရောဂါတွေထက် ပိုမိုပြင်းထန်ပြီး ကူးစက်မှု မြန် ဆန်သလို သေဆုံးသူ အရေအတွက်လည်း သိသိသာသာ များပြားပါတယ်။ ဒါကြောင့် ကူးစက်မှု မခံရအောင် ကာကွယ်ရမယ့် နည်းလမ်းတွေကို လိုက်နာရပါမယ်။
ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေကို မသွားပါနဲ့။ Alcohol ပါတဲ့ လက်ဆေးရည်၊ လက်ဆေးဆပ်ပြာတွေနဲ့ မကြာခဏ သန့်စင်ဆေးကြောပေးပါ။ တိရစ္ဆာန်တွေနဲ့ ထိတွေ့မှုကို ရှောင်ရှားသင့်သလို သေချာ မချက်ပြုတ်ထားတဲ့ အသားစိမ်းတွေ မစားသင့်ပါဘူး။ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ နည်းလမ်းတွေအတိုင်း အသားနဲ့ ဥတွေကို ချက်ပြုတ် စားသောက်ပါ။
ချောင်းဆိုး၊ နှာစေး၊ နေမကောင်းဖြစ်မှ မဟုတ်ဘဲ အပြင်ထွက်တာနဲ့ ဖြစ်နိုင်ရင် နှာခေါင်းစည်း Mask အုပ်ထားပါ။ Mask ကို လက်နဲ့ မကြာခဏ မကိုင်ဘဲ တခါသုံးပြီးတာနဲ့ စွန့်ပစ်ပါ။ ကိုယ်ခံအားစနစ် ကောင်းအောင် အာဟာရပြည့်မယ့် အစားအစာတွေ ရွေးချယ် စားသင့်တဲ့အပြင် ဗီတာမင် စီ၊ အိုမီဂါ ၃၊ Probiotics ၊ Oregano Oil အစရှိသဖြင့် ဖြည့်စွက် သောက်သုံးပေးသင့်ပါတယ်။
နောက်ဆုံး အခြေအနေအရ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူအရေအတွက် ၁၃၂ ယောက်ရှိကာ နိုင်ငံပေါင်း ၁၆ နိုင်ငံကို ပျံ့နှံ့ ကူးစက်ခံနေရပါတယ်။
Ref: Emma Deangela (Nutritionist)
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်လာတဲ့ ထိုင်းနိုင်ငံ
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘယ်လို Mask မျိုး သုံးသင့်သလဲ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းများ