ဆားဟာဆိုရင်တော့ အိမ်တိုင်းအိမ်တိုင်းရဲ့ မီးဖိုချောင်ထဲမှာ အလွယ်တကူရှိသလို ကုန်ကျစရိတ်လည်း သက်သာပြီး ဘေးထွက်ဆိုးကျိုးလည်းနည်းပါးလှပါတယ်။
သွားနဲ့ခံတွင်းကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့အခါ ဆားရည်နဲ့ ပလုတ်ကျင်းဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိကြပြီး သွားနဲ့ခံတွင်းကျန်းမာရေးကောင်းမွန်စေဖို့ ဆားရည်နဲ့ဘာကြောင့် ပလုတ်ကျင်းပေးသင့်တယ်ဆိုတာကို ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
(၁) လည်ချောင်းနာခြင်းကို သက်သာစေတယ်
အအေးမိတုပ်ကွေးဖျားနာကြောင့် လည်ချောင်းနာတာမျိုးနဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် လည်ချောင်းနာတဲ့အခါ ဆားရည်နဲ့ ပလုတ်ကျင်းပေးခြင်းက သက်သာပျောက်ကင်းစေနိုင်ပါတယ်။ လည်ချောင်းနာခြင်းအတွက် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက အိမ်တွင်းကုသနည်းတမျိုး ဖြစ်သလို လည်ချောင်းနာခြင်းကို ပျောက်ကင်းမှု မြန်ဆန်စေနိုင်ပါတယ်။
(၂) ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ဖယ်ရှားပေးနိုင်တယ်
ဆားရည်နဲ့ ပလုတ်ကျင်းပေးခြင်းဟာ ခံတွင်းအနံ့ဆိုးထွက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပြီး တနေ့နှစ်ကြိမ် သွားပုံမှန်တိုက်နေပေမယ့် ခံတွင်းအနံ့မကောင်းတာ၊ အယ်လ်ကိုဟော ပါဝင်တဲ့ ခံတွင်းသန့်စင်ဆေးရည်တွေနဲ့ မတည့်သူတွေအတွက် အကောင်းဆုံးနည်းလမ်းတခုပဲ ဖြစ်ပါတယ်။
(၃) ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တယ်
ဆားရည်နဲ့ ပုံမှန်ပလုတ်ကျင်းပေးခြင်းဟာ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်ပြီး သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေ၊ သွားတိုက်တံနဲ့ အလွယ်တကူ မရောက်နိုင်တဲ့ သွားကြားထဲက ပိုးမွှားတွေကိုပါ ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။
(၄) ခံတွင်းထဲမှာပေါက်တဲ့ အပူနာတွေကိုသက်သာစေနိုင်တယ်
ခံတွင်းမှာပေါက်တဲ့ အပူနာလို အဖြူရောင်အနာကွက်လေးတွေ ဖြစ်ပေါ်တဲ့အခါ ဆားရည်နဲ့ ပလုတ်ကျင်းပေးခြင်းဟာ အနာကျက်မြန်စေနိုင်သလို မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Ref. /www.healthline.com
You may also like these stories:
လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အရှေ့တောင်အာရှ နိုင်ငံများ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မှာ ဇာတ်ကားသွားရိုက်ဖို့ မသေချာသေးတဲ့ သင်ဇာဝင့်ကျော်