ရာသီဥတုအပြောင်းအလဲကြောင့် နှုတ်ခမ်းသားတွေ ခြောက်သွေ့ အက်ကွဲနေတာမျိုးကို တော်တော်များများက သတိထားမိတတ်ကြပေမယ့် နှုတ်ခမ်းသားအရောင် ပြောင်းသွားတဲ့အခါမျိုးမှာတော့ သတိပြုမိတဲ့သူ နည်းပါတယ်။ အခုဖော်ပြပေးချင်တာကတော့ နှုတ်ခမ်းသားအရောင် ပြောင်းလဲခြင်းက သင့်ကျန်းမာရေးအခြေအနေကို ဘယ်လိုတွေ သတိပေးနေလဲ ဆိုတာပဲ ဖြစ်ပါတယ်။
(၁) ဖြူဖျော့နေတဲ့အရောင်
နှုတ်ခမ်းအရောင်ဟာ သာမန်ထက်ပိုပြီး ဖြူဖျော့နေတယ်ဆိုရင်တော့ သွေးအားနည်းပြီး သံဓာတ်ချို့တဲ့နေတာမျိုး ဖြစ်နိုင်တာကြောင့် အသား၊ အသီးအရွက်နဲ့ သံဓာတ်အားဖြည့်ဆေးလို ဆေးဝါးမျိုးတွေကို သောက်သုံးသင့်ပြီး ဆရာဝန်နဲ့ သွားရောက်ပြသစစ်ဆေးတာမျိုးတွေကိုလည်း ပြုလုပ်ကြည့်သင့်ပါတယ်။
(၂) နှုတ်ခမ်းအနားသတ်မှာ အပြာရောင်၊ ခရမ်းရောင်လို ဖြစ်နေခြင်း
နှုတ်ခမ်းအနားသတ်မှာ အပြာရောင် ဒါမှမဟုတ် ခရမ်းရောင်လိုမျိုး ဖြစ်နေရင်တော့ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ နှလုံးကျန်းမာရေးပြဿနာ တို့ကို သတိထားသင့်ပြီး ကိုယ်တွင်းသွေးလည်ပတ်မှု မမှန်ကန်တဲ့ အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။
(၃) အမြဲလိုလို အနီရောင်သမ်းနေခြင်း
နှုတ်ခမ်းအရောင်ဟာ အမြဲလိုလို အနီရောင်သမ်းနေရင်တော့ ကိုယ်တွင်းအပူများလွန်းတာမျိုး ဖြစ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာမှာလည်း ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။ ဒီလိုမျိုး ဖြစ်ပေါ်နေရင်တော့ ရေဓာတ်များတဲ့ အသီးအနှံနဲ့ အစားအစာတွေကို ပိုမိုစားပေးသင့်ပါတယ်။
(၄) ပန်းသွေးရောင်နှုတ်ခမ်း
နှုတ်ခမ်းသားအရောင်ဟာ နီမြန်းနေတာမျိုးလည်း မဟုတ်ဘဲ ပန်းသွေးရောင်သမ်းနေရင်တော့ ဒါဟာ ခန္ဓာကိုယ် ကျန်းမာရေးကောင်းမွန်တယ်ဆိုတာကိုပြသနေတာဖြစ်ပြီး အာဟာရပြည့်ဝအောင် စားသောက်နေထိုင်မှုကို ဆက်လက်ဂရုစိုက်သင့်ပါတယ်။
Ref. timesofindia.com
You can also like these stories:
ခန္ဓာကိုယ် အနံ့အသက်ကနေတဆင့် သိနိုင်တဲ့ သင့်ကျန်းမာရေး အခြေအနေ
အစိမ်းစားရင် ကျန်းမာရေးအတွက် ပိုမိုအကျိုးရှိစေတဲ့ အစားအစာ ၅ မျိုး