အရေပြားဓာတ်မတည့်မှု (Skin Allergic) ဖြစ်တာဆိုတာကတော့ ပြင်ပက အရာတခုခုနဲ့ ထိတွေ့မိပြီး အရေပြားယားယံကာ အဖုအပိန့်ထွက်လာတာမျိုးကို ဆိုလိုတာပါ။ တခါတရံမှာတော့ အရေပြားဓာတ်မတည့်တာကနေ အစာအဆိပ်သင့်တဲ့ လက္ခဏာမျိုးတွေအထိ ဖြစ်နိုင်တာကြောင့် Skin Allergic ဟာလည်း မပေါ့ဆသင့်ပါဘူး။
ဒါကြောင့်မို့လို့ အရေပြားဓာတ်မတည့်မှု မကြာခဏ ဖြစ်တတ်သူတွေအနေနဲ့ အခုဖော်ပြပေးမယ့် အရာတွေကို သတိထားသင့်ပါတယ်။
(၁) မွှေးရနံ့တွေ
အရေပြားဓာတ်မတည့်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေထဲမှာ မွှေးရနံ့တွေကလည်း တခုအပါအဝင်ဖြစ်ပြီး ရေမွှေးလို ခန္ဓာကိုယ်ပေါ် ထိတွေ့ဖျန်းစွတ်ရတဲ့အခါမျိုးမှာ ဓာတ်တည့်၊မတည့်ကို အနည်းငယ်စမ်းသပ်ပြီးမှ အသုံးပြုသင့်ပါတယ်။
(၂) ပန်းဝတ်မှုန်တွေ
အရေပြားဓာတ်မတည့်မှု မကြာခဏ ဖြစ်တတ်သူတွေအနေနဲ့ သစ်ပင်၊ ပန်းပင်တွေဆီက ပန်းဝတ်မှုန်တွေနဲ့ ထိတွေ့ရှုရှိုက်မိတဲ့ အခါမျိုးမှာလည်း နှာချေတာ၊ နှာရည်ယိုပြီး ယားယံတာ စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် Skin Allergic ဖြစ်တတ်သူတွေအနေနဲ့ သစ်ပင်၊ ပန်းပင်တွေရှိတဲ့နေရာသွားတဲ့အခါမျိုးမှာ သတိထားသင့်ပါတယ်။
(၃) အိမ်မွေးတိရစ္ဆာန်တွေ
သင်ဟာ Skin Allergic ဖြစ်တတ်သူတယောက်ဆိုရင်တော့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ ကြောင်စတာတွေရဲ့ အမွေးတွေနဲ့ ထိတွေ့တဲ့အခါမျိုးမှာ သတိထားသင့်ပြီး ထိတွေ့ပြီးတဲ့အခါမှလည်း သေချာဆေးကြော သန့်စင်ပေးသင့် ပါတယ်။
(၄) မှို
မှိုဟာဆိုရင်လည်း စားသုံးမိမှမဟုတ်ဘဲ ဖြစ်လွယ်တဲ့သူတွေမှာဆိုရင် ထိတွေ့မိတာနဲ့ အရေပြားယားယံတာ၊ အဖုအပိန့်တွေထွက်တာ၊ မူးဝေတာမျိုးတွေအထိ ဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။
Ref. www.webmd.com
You may also like these stories:
အသားအရေကို ကြည်လင်စေမယ့် သဘာဝ Toner ပြုလုပ်နည်း ၃ မျိုး
ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေ သတိထားသင့်တဲ့ အချက် ၅ ချက်