Health

သက်လတ်ပိုင်းအမျိုးသမီး နှလုံးကျန်းမာရေးနဲ့ မဂ္ဂနီဆီယမ်ဓာတ် ဆက်စပ်မှုရှိနေ

အမေရိကန်နိုင်ငံရဲ့ စစ်တမ်းတွေမှာတော့ နိုင်ငံရဲ့ အမျိုးသမီးတွေဟာ အသက်(၂၀)ကျော် အရွယ်ကိုရောက်လာတာနဲ့အမျှ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ၆ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားတာပါ။ နှလုံးရောဂါကြောင့် အသက်သေဆုံးမှုအထိ ဖြစ်ပွားမှု နှုန်းထားဟာလည်း အသက်အရွယ်အပိုင်းအခြား တခုရောက်ရှိလာချိန်မှာ ပိုမိုမြင့်တက်လာနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။

သိပ်မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ Journal of Women’s Health ရဲ့ ဆောင်းပါးတပုဒ်မှာတော့ ခန္ဓာကိုယ်တွင်း မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝလေ နှလုံးနဲ့ပတ်သက်တဲ့ရောဂါမှန်သမျှ ဖြစ်ပွားနိုင်ခြေနည်းပါးကြောင်း ဖော်ပြခဲ့တာပါ။ အခုလို တိကျသေချာတဲ့ ဆောင်းပါးကို အတိအလင်းထည့်သွင်းထုတ်ဝေဖို့ အမျိုးသမီးတယောက်ချင်းစီကို ဆန်းစစ်လေ့လာရင်း သုတေသနပေါင်းများစွာ ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Women’s Health Initiative ရဲ့ စစ်တမ်းကောက်ယူချက်တွေအရ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာ တွေကို ပုံမှန်စားသောက်ပေးခြင်းအားဖြင့် နှလုံးကြွက်သားနဲ့ သွေးကြောတွေကို သက်သောင့်သက်သာအလုပ်လုပ်နိုင်စေဖို့ အထောက်အကူပြုစေကြောင်း ဖော်ပြထားတာပါ။

WHI (Women’s Health Initiative ) အနေနဲ့ စစ်တမ်းကောက်ယူမှုမှတ်တမ်းတွေကို ၁၉၉၃ခုနှစ်ကနေ ၁၉၉၈ခုနှစ်အထိ စုဆောင်းသိမ်းဆည်းထားခဲ့တာကြောင့် အခုအချိန်မှာ ပြန်လည်အသုံးချ မျှဝေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နိုင်ငံတော်အဆင့်သတ်မှတ်ချက်တခုအနေနဲ့ စစ်တမ်းကောက်ယူမှု ၊ နှလုံးနဲ့ဆက်စပ်ရောဂါတွေကို သုတေသနပြုလုပ် ခဲ့တာ ဖြစ်ပြီး စမ်းသပ်မှုတွေမှာတော့ အသက် ၅၀ နဲ့ ၇၉ နှစ်ကြား အမျိုးသမီးတွေကို အဓိကထား ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှုနဲ့ သုတေသနလေ့လာမှုတွေမှာ ပါဝင်သူဦးရေ ၁၅၃၀၀၀ ယောက်ရှိခဲ့ကြောင်း ဖြည့်စွက်ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

Ref. www.mindbodygreen.com

You may also like these stories:

လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေတရပ် လိုအပ်နေ

Loading