Health

ကိုရိုနာဗိုင်းရပ်စ်ဟာ မစင်မှတဆင့် ကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား

ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ အဆုတ်ရောင်ဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်တဲ့ အခြားနည်းလမ်းတွေကို တရုတ်နိုင်ငံရဲ့ သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

သုတေသနတွေ အရ အဲဒီဗိုင်းရပ်စ်ဟာ အစာချေစနစ်ကတဆင့် လူတွေရဲ့ မစင်အတွင်းကို ပျံ့နှံ့ရောက်ရှိနိုင်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဗိုင်းရပ်စ်ဟာ မစင်စွန့်ရာ လမ်းကြောင်းအတိုင်း ပျံ့နှံ့နိုင်တာကြောင့် တကိုယ်ရည်သန့်ရှင်းမှု နည်းခြင်း၊ မိလ္လာစနစ် မရှိခြင်းနဲ့ ညစ်ပတ်တဲ့ ရေ၊ မြေအခြေအနေ၊ မသန့်ရှင်းတဲ့ အစားအစာတွေကြောင့် ကူးစက်မှုတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Wuhan တက္ကသိုလ်က Renmin ဆေးရုံ၊ Wuhan Institute of Virology of the Chinese Academy of Sciences တို့က သိပ္ပံပညာရှင်တွေဟာ ဗိုင်းရပ်စ်ကူးစက်ခြင်းကို ခံရတဲ့ အချို့လူနာတွေဟာ ပုံမှန်တွေ့နေကျ ရောဂါလက္ခဏာတွေဖြစ်တဲ့ ကိုယ်အပူချိန် မြင့်တက်မှုအစား ဝမ်းပျက် ဝမ်းလျှောတာကို သတိပြုမိခဲ့ပါတယ်။

သုတေသနအဖွဲ့ဟာ လူနာတွေရဲ့ မစင်စွန့်ရာ လမ်းကြောင်းက နမူနာတွေကို စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ရဲ့ Nucleic Acids ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ရှိချက်တွေ အရ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှုလမ်းကြောင်းကသာမက မစင်ကနေလည်း ကူးစက်နိုင်ချေရှိတယ်လို့ CNA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Ref. CNA

You may aslo like these stories:

တုတ်ကွေးနှင့် HIV ဆေးဝါးများရောစပ်မှုက ကိုရိုနာဗိုင်းရပ်ကို ကုသနိုင်ဟု ထိုင်းဆရာဝန်များပြော

ဆိုရှယ်မီဒီယာထဲက ဗိုင်းရပ်က တကယ့်ဗိုင်းရပ်ထက် ပိုဆိုးသည်

ဝူဟန်တုပ်ကွေးကို လူတွေ ဘာကြောင့် တုန်လှုပ် ချောက်ချားကြသလဲ

Loading