နှလုံးသွေးကြောကျဉ်းခြင်းနဲ့ တခြားနှလုံးရောဂါတွေဟာ အမျိုးသမီးတွေအတွက် သေစေနိုင်လောက်တဲ့ ရောဂါတွေဖြစ်ပြီး စစ်တမ်းတွေအရ နှလုံးကျန်းမာရေးထိခိုက်မှုကြောင့် သေဆုံးသူဦးရေဟာ တနှစ်အတွင်းပျမ်းမျှ သုံးပုံ တပုံထက် ပိုကြောင်း ဖော်ပြထားပါတယ်။
အမျိုးသမီးတိုင်း သူတို့ရဲ့ နှလုံးကျန်းမာရေးကို ဘယ်အသက်အရွယ် အပိုင်းအခြားမှာဖြစ်ဖြစ် ဂရုစိုက်ဖို့ လိုအပ်ပြီး သက်လတ်ပိုင်းအရွယ်မှာ ပိုပြီးဂရုစိုက်သင့်ကြောင်း သုတေသနပညာရှင်တွေက ဆိုပါတယ်။
American Heart Association ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာတွေ့ရှိမှုကတော့ နှလုံးကျန်းမာရေးဟာ အမျိုးသမီးတယောက်ရဲ့ ဓမ္မတာစက်ဝန်းပြီးဆုံးခါနီးအချိန်မှာ ဆိုးရွားမှုရှိနိုင်ကြောင်း ဖော်ပြထားခဲ့တာပါ။ လေ့လာတွေ့ရှိမှုကို အတိအလင်းဖော်ပြဖို့အတွက် Study of Women’s Health Across the Nation (SWAN) ရဲ့ အချက်အလက်တွေကို အသုံးချခဲ့ရတာဖြစ်ပြီး SWAN ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သက်လတ်ပိုင်းအမျိုးသမီးတွေ ကြုံတွေ့ရလေ့ရှိတဲ့ နှလုံးကျန်းမာရေးကို လေ့လာနေတဲ့ အဖွဲ့အစည်းတခုပဲဖြစ်ပါတယ်။
သက်လတ်ပိုင်းအရွယ်မှာတော့ နှလုံးကျန်းမာရေးရဲ့ ဆက်စပ် လက္ခဏာတွေအပြင် အိပ်စက်ဖို့ ခက်ခဲခြင်း၊ အသားအရေ ပူနေခြင်း၊ လိင်စိတ်ကုန်ခမ်းခြင်းတို့ပဲ ဖြစ်ပါတယ်။ သုတေသနမှာတော့ အမျိုးသမီးပေါင်း ၃၃၉ ယောက်ပါဝင်တဲ့ လေ့လာမှုတခု ပြုလုပ်ခဲ့တာဖြစ်ပြီး ဆေးလိပ်သောက်သုံးခြင်း ရှိ၊ မရှိ ၊ ကြုံတွေ့လေ့ရှိတဲ့ စိတ်ဖိအား၊ သွေးပေါင်ချိန်နဲ့ ကိုယ်အလေးချိန်တို့ကို အဓိကထား စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ရာသီစက်ဝန်း မပြီးဆုံးသေခင်ကာလမှာတော့ နှလုံးကျန်းမာရေး ထိခိုက်နိုင်မှုဟာ ၀ ဒဿမ ၉ ရာခိုင်နှုန်းသာရှိပေမယ့် ရာသီစက်ဝန်း မပြီးဆုံးခင် တနှစ်နဲ့ ပြီးဆုံးပြီးတနှစ်မှာ ၇ ဒဿမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ သုသေတသန တွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။
Ref. www.mindbodygreen.com
You may also like these stories:
အလုပ်စားပွဲပေါ်မှာ အပင်သေးသေးလေးတွေ ထားပေးခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်
လုပ်ငန်းခွင်မှာ ဘယ်လို ကိုယ်နေဟန်ထားမျိုးနဲ့ ပုံစံတကျ ထိုင်သင့်သလဲ
သက်လတ်ပိုင်းအမျိုးသမီး နှလုံးကျန်းမာရေးနဲ့ မဂ္ဂနီဆီယမ်ဓာတ် ဆက်စပ်မှုရှိနေ