တနင်္ဂနွေနေ့အကုန်ထိ တရုတ်တွင် လူ ၉၀၀ ကျော်ကို သေဆုံးစေခဲ့သည့် နိုဗယ်ကိုရ်ိုနာဗိုင်းရပ်သည် ကိုးရက်ကြာအထိ အသက်ရှင် ကူးစက်နိုင်သည်ဟု သုတေသီများက သတိပေးလိုက်သည်။ ပျမ်းမျှအားဖြင့် ၎င်းဗိုင်းရပ်တို့သည် လေးရက်နှင့် ငါးရက်ကြား ရှင်သန်နိုင်ကြသည်ဟု Journal of Hospital Infection တွင်ပါရှိသည့် လေ့လာမှုကဆိုသည်။
“အပူချိန်နိမ့်ခြင်းနဲ့ လေထု စိုထိုင်းဆမြင့်မားခြင်းက သူတို့ရဲ့သက်တမ်းကို ရှည်စေပါတယ်” ဟု ဂျာမနီနိုင်ငံရှိ Greifswald တက္ကသိုလ်၊ သန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ဆေးပညာဋ္ဌာနမှ ပါမောက္ခ ဂန်တာကမ့်ဖ်က ရှင်းပြသည်။
မစ္စတာကမ့်ဖ်သည် ဂျာမနီရှိ Ruhr-Universitat Bochum (RUB) ရှိ Molecular and Medical Virology ဋ္ဌာန အကြီးအကဲ ပါမောက္ခ Eike Steinmann နှင့်အတူ အနာဂတ်ဖတ်စာအုပ်အတွက် ကိုရိုနာဗိုင်းရပ်နှင့် ၎င်းတို့၏မလှုပ်ရှားမှု သေဆုံးမှုဆိုင်ရာလေ့လာချက် ၂၂ ခုမှ တွေ့ရှိချက်များကို ပြုစုထားသည်။
၎င်းလေ့လာမှုများက ရောဂါဖြစ်ပွားစေသော ဆားစ်ကိုရိုနာဗိုင်းရပ်နှင့် မားစ် ကိုရိုနာဗိုင်ရပ်တို့ကို အဓိကလေ့လာခဲ့သည်။ သို့သော်လည်း တွေ့ရှိချက်များကို နိုဗယ်ကိုရိုနာဗိုင်းရပ်သို့ လွှဲပြောင်းပေးနိုင်သည်ဟု သုတေသီတို့က ဆိုသည်။ “ကိုရိုနာဗိုင်ရပ်အမျိုးမျိုးကို ခွဲခြမ်းစိပ်ဖြာလေ့လာကြည့်ခဲ့တယ်။ ရလဒ်ကတော့ အားလုံးအတူတူပဲ” ဟု မစ္စတာ Steinmann ကပြောသည်။
“အခြေအနေတွေအရ အကောင်းဆုံးချဉ်းကပ်မှုက ဒီမှန်ကန်ကြောင်းအတည်ပြုပြီး သိပ္ပံနည်းကျ အချက်အလက်တွေကို ကြိုတင်ပြီး ပုံနှိပ်ထုတ်ဝေဖို့ဖြစ်တယ်။ ဒါမှ တချက်ကြည့်ရုံနဲ့ သတင်းအချက်အလက် အားလုံးရနိုင်မှာ” ဟု Mr. Steinmann က ထပ်မံပြောသည်။ နိုဗယ်ဗိုင်းရပ်ကို တိုက်ဖျက်သည့် တိကျသည့် ကုထုံးမရှိသေးသောကြောင့် ကူးစက်မှုကို ထိန်းချုပ်ရန်မှာ ကူးစက်မှုကို တားဆီးကာကွယ်ခြင်းသာ အရေးကြီးနေသည်။
ကူးစက်မှုအားလုံးကဲ့သို့ ၎င်းဗိုင်းရပ်သည် လက်များနှင့် မကြာခဏ ထိတွေ့လေ့ရှိသော မျက်နှာပြင်များမှတဆင့် ပျံ့နှံ့နိုင်သည်။
“ဆေးရုံတွေမှာ ဆိုရင်တော့ သာဓကအနေနဲ့ တံခါးလက်ကိုင်တွေ၊ လူခေါ်ခေါင်းလောင်းတွေ၊ စားပွဲဘေးစောင်း၊ အိပ်ရာဘောင်တွေနဲ့ လူနာတွေရဲ့ အနီးက အရာတွေမှာ ဒီဗိုင်းရပ်တွေ ရှိနိုင်ပါတယ်။ ဒါတွေက သတ္တု ဒါမှမဟုတ် ပလတ်စတစ်တွေနဲ့ ပြုလုပ်ထားပါတယ်” ဟု မစ္စတာ ကမ့်ဖ်ကပြောသည်။
မကူးစက်စေသည့် နည်းလမ်းများကို စမ်းသပ်မှုများအရ အက်သနော၊ ဟိုဒရိုဂျင်ပါရောက်ဆိုဒ် သို့မဟုတ် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် တို့ကို အခြေပြုသည့် ပစ္စည်းများက ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်ရာတွင် ထိရောက်မှုရှိသည်။
You may also like these stories:
တရုတ်အလုပ်သမားများ လုပ်ငန်းခွင်သို့ တဖြည်းဖြည်း ပြန်ဝင်နေ
လိမ္မော်ရောင် ကျန်းမာရေးအဆင့် သတ်မှတ်ခြင်းက စင်ကာပူကို ချောက်ချားစေ
ခြေချုပ်မိနေသည့် ဝူဟန်ပြန် ကျောင်းသူအတွက် မန္တလေးမြို့တော်ဝန် မွေးနေ့လက်ဆောင်ပို့